အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 6 ]
" ဟုတ်တယ် စိုင်းရေ... ဒီဟာမက
စိုင်း သူငယ်ချင်းကို စိတ်ဝင်စားနေတာ။
အဲ့တာ စိုင်း ကူညီပေးလိုက်ပါအုံး။ "" တကယ်လား ညီမလေး...? "
နန်းမိုင် ဆံပင်ကို သပ်လိုက်ကာ မြင်နေရသော
ဦးမင်းထိဘွားကိုလည်း ကြည့်လိုက်ကာ
ပြုံးပြုံးကြီးနဲ့ ခေါင်းညိတ်မိသွားသည်။" ဟာ တကယ်ကြီး ဖြစ်နေတာပေါ့။
နှမြောလိုက်တာ ညီမလေးရာ။ထိဘွားလို
ကောင်ကိုမှ သွားကြိုက်ရတယ်လို့။
ဒီကောင်က သောက်ကျင့်ကောင်းတာ
မဟုတ်ဘူး။ ကိုစိုင်းကမှ ကောင်းတာ။ "" ကိုစိုင်းနော်။ "
" စတာပါ ညီမလေးကလည်း....."
" ကျတော့်ကို စ စိုင်း... ကျတော်က
စိုင်း ဘာစစ လက်ခံပေးမှာ။ "" ဟီးဟီး မယုံနဲ့ ကိုစိုင်း..!
ရမ်က လွယ်တာ မဟုတ်ဘူး။ "" နန်းမိုင် နင်နော်။ စောက်ကျင့်မယုတ်နဲ့။
နင်လည်း ငါ ကူညီပေးထားတာကို။
နောက်တစ်ခါ ငါ မကူညီဘဲ နေမှာ။ "" နေပေါ့... "
နန်းမိုင် လျှာထုပ်ကာ ပြောင်လိုက်ပေမဲ့
ရမ်က နှုတ်ခမ်းကြီးဆူစွာ ဖြစ်နေတော့
ပိုပြီး ရယ်နေရ၏ ။သူငယ်ချင်း နှစ်ယောက်ဖြစ်ပျက်နေပုံကို
ကြည့်ပြီးလည်း စိုင်းနောင်သည် သဘောကျကာ
ပြုံးနေလေ၏ ။" စိုင်းက ရယ်နေရင် ချောလိုက်တာ။ "
" မြှောက်ပြီ ရမ်ကတော့ "
" မမြှောက်ပါဘူးနော် စိုင်းကလည်း... ကျတော်က
ချောလို့ ချောတယ်ပြောတာ။ "" အင်း... ထားပါတော့။ ညီမလေး
ထိဘွား လာတော့မယ် "ကိုစိုင်းရဲ့ သတိပေးမှုကြောင့် နန်းမိုင်
ထိုင်နေရာကနေ ထရပ်လိုက်မိတော့သည်။" ကျေးဇူးနော် အစ်ကိုထိဘွား... "
" ရပါတယ် နောင်နောင်ရာ။ "
" ဒါဆို ကျတော် ပြန်ပြီနော် အစ်ကို.. "
" အေးအေး.... "
ဦးမင်းထိဘွား ကို နှုတ်ဆက်နေတဲ့
နောင်နောင် ဆိုသူက နန်းမိုင်ကို
ခဏခဏ လှမ်းကြည့်နေလေသည်။
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤