အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 42 ]

1.5K 44 5
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 42  ]

ကိုကိုနဲ့ ချိန်းထားတောင် မသွားနိုင်သေးဘဲ
နန်းမိုင် လက်ထဲရောက်လာသော ထမင်းချိုင့်လေး။

မေကြူက ဦးထိ စားစေချင်လို့ ချက်ထားတာဆိုတော့
နန်းမိုင် သွားပို့ရအုံးမည်။

ကိုယ့်ဘာသာ အမြန်မောင်းလာတဲ့ကားနဲ့
နန်းမိုင်ရဲ့ ပြင်ထားပုံက တကယ့် ဆယ်ကျော်သက်
အရွယ်လေးပါ။

ဘောင်းဘီစကတ်အတို ချောကလက်‌
ရောင်လေးကို အပေါ်က ဇစ်ပါတဲ့
အမည်း‌ရောင်  အင်္ကျီနဲ့ တွဲဝတ်ထားတော့
နန်းမိုင် ပုံစံက ခပ်လန်းလန်းရယ်သာ။

ဆံပင်တွေကိုလည်း နောက်ကနေ အချောင်းသေးသေး
လေး‌တွေ လုပ်ပြီး စည်းထား‌တော့ နန်းမိုင်ရဲ့
ဖွေးဥနေတဲ့ မျက်နှာလေးက အထင်းသားပေ။

အခုမှပဲ နန်းမိုင် ကိုယ့်ပုံစံကိုယ် ကျေနပ်သွားခဲ့တာ။
ဆံပင်အရှည်ကြီး ထားဖို့လည်း နန်းမိုင်
ဒီတစ်သက် စိတ်ကူးမရှိတော့ဘူး။

" ညီမလေးက ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲဟင်။ "

" ဒီ company ပိုင်ရှင် ဦးမင်းထိဘွားနဲ့
တွေ့ချင်တာပါ အစ်မ..."

" အဲလ် ဘော့စ်က မဖြူစင်နဲ့ စတော့ကစားမယ့်
သူတွေဆီကို သွားတယ် ညီမလေး..."

" ဘယ်အချိန် ပြန်ရောက်မလဲ အစ်မ
နန်းမိုင် ဒီထမင်းချိုင့်လေး ပေးခဲ့ချင်လို့။ "

" သွားတာတော့ ကြာနေပါပြီ ညီမလေး...
ဒါနဲ့ ညီမလေးက ဘော့စ်ရဲ့ အမျိုးထင်တယ်နော်။
ဘော့စ်ရဲ့ တူမလား။ ဒါမှမဟုတ် ဘော့စ်ရဲ့
သမီးလားဟင်။ "

" ဟဲ့ သမီးနေမှာပေါ့။ ဒီညီမလေးက တအားနုနေတာ။
ဘော့စ်ရဲ့ သမီးပဲ နေမှာ။ "

" ဒါပေမဲ့ ငါတို့ ဘော့စ်က အိမ်ထောင်ကျတာ
မကြာသေးဘူးနော်။ "

" ဒါဆို တူမပေါ့အေ။ ဘော့စ်ကနော်
သူကလည်း ချောရုံတင်မဟုတ်ဘူး။
သူ့ တူမ ချောချောလေးကိုပါ ဖွက်ထားတာပဲ။ "

" အေးဟာ။ အခုမှ ဘော့စ်မှာ တူမရှိတာ သိရတော့တယ်။ "

နန်းမိုင် ပုံစံကို ကြည့်ပြီး အစ်မတွေက
တစ်ယောက်နဲ့ တစ်ယောက်တွတ်ထိုးကာ
တူမလားလို့ လုပ်နေကြသဖြင့်
နန်းမိုင်ရဲ့ ရယ်ချင်စိတ်က ထိန်းမရပေ။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now