အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 11 ]
" အိပ်ပြီလား ဦးထိ....? "
ဂူရဲ့ အပြင်မှာ မိုးတွေခြိမ်းကာ သည်းကြီးမည်း
ကြီး ရွာနေသံက နန်းမိုင်ကို အိပ်မရဖြစ်စေလာတာ
ကြောင့် မီးဖိုဘေးနားရဲ့ ခင်းထားသော အုန်းရွက်
ပေါ်မှာ အိပ်နေသော ဦးထိနားကို
တိုးသွားမိသည်။အခုလည်း နန်းမိုင် ခေါ်တာကို လှည့်မကြည့်
သေးတော့ ဦးထိရဲ့ အင်္ကျီစ ကို နန်းမိုင်
အသာအယာနဲ့ ဆွဲလိုက်ကာ....." ဦးထိလို့....! "
" ဘာလဲ...! နန်းမိုင်သဲခေတ်..!
မင်း ဘာတွေ ဇယားလာရှူပ်နေတာလဲ
အိပ်စရာရှိတာမအိပ်ဘူး။ ငါ အိပ်နေတာကို
လာရှူပ်နေတယ်။ "" နန်းမိုင် မအိပ်ရဲလို့ ပါ ဦးထိရဲ့ ... "
ူ " မင်းလား မအိပ်ရဲမှာ။ "
လှဲနေရာကနေ ထကာ နန်းမိုင် မျက်နှာကို
ကြည့်နေတဲ့ ဦးထိက နန်းမိုင် ကို မယုံသလိုနဲ့ပေ။" အပြင်မှာ မိုးတွေရွာနေတယ်လေ ဦးထိရဲ့။
အဲ့တာ နန်းမိုင် မအိပ်ရဲလို့ပေါ့"မအိပ်ရဲဘူးသာ ပြောတာ မျက်လုံးတွေက
စူးစူးစိုက်စိုက် ပြန်ကြည့်ရဲနေလေသည်။" မင်း မအိပ်ရဲဘူးဆို....ဘာလဲ ငါက
ထကပေးရမှာလား....? "" ဒီလိုဆိုတော့ အကောင်းဆုံးပေါ့ ဦးထိရ... "
" မင်း... တော်ပြီ ငါ ဘာမှမပြောတော့ဘူး။
ကြိုက်သလို နေလိုက်တော့။ ငါ အိပ်ပြီ။ "ပြောကာ နန်းမိုင် ကို ကျောပေးရင်း
တစ်ဖက်လှည့်အိပ်သွားတဲ့ ဦးထိက
ရက်စက်သူကြီး။မအိပ်ရဲတော့ နန်းမိုင်မှာ ကြည့်ကာကြည့်ကာနဲ့
ဦးထိ အနားလေး ကျုံ့ကျုံ့ လေး ဝင်ထိုင်နေမိသည်။အချိန်တွေ ကြာသွားတဲ့အထိ နိုးလာမှုမရှိတဲ့
ဦးထိကို နန်းမိုင် ကြည့်ကာ မနေနိုင်တဲ့အဆုံး
ဘေးမှာ ဝင်အိပ်ဖို့ ပြင်လိုက်ရတော့သည်။အပြင်မှာလည်း မိုးသံတွေနဲ့ဆိုတော့ နန်းမိုင်
အိပ်ချင်နေပြီ။နန်းမိုင် လှဲလိုက်တာနဲ့  ဖက်လာသော
ဦးထိ လက်တစ်စုံကြောင့် အိပ်ချင်နေတဲ့
မျက်လုံးအစုံက ပြူးကျယ်သွားရသည်။
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤