အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 20 ]" သူ့ အဖေ ဖုန်းဆက်ခေါ်လို့ဆိုလားပဲ
အရေးတကြီးထပြန်သွားတယ် သားထိဘွား
အဲ့တာနဲ့ အန်တီလည်း ဟိုနားအထိ
ပြန်လိုက်ပို့ပေးလိုက်တယ်။ "" ဟုတ် အန်တီနန်းအိမ် "
" ဆေးတွေက ဘယ်လိုလုပ်မလဲ ထိဘွား "
" ဒီတိုင်း ထားရတော့မှာလေ ဖြူစင်....
နန်းမိုင်သဲခေတ်က အိမ်ပြန်သွားမှတော့။ "ထိဘွား သက်ပြင်းသာချလိုက်ရင်း
လက်ထဲက ဝယ်လာတဲ့ ဆေးနဲ့အနာကပ်ကို
ကြည့်သာကြည့်နေလိုက်တော့သည်။နန်းမိုင်သဲခေတ်ကတော့ ဆေးထည့်ဖို့
ခဏလေးတောင် မစောင့်ဘူး။***********************
" တစ်လောကလုံးမှာ ငါ အမုန်းဆုံးက
နင်နဲ့ နင့် အဖေပဲ။ အခုတော့ နင့်ကို
ငါက အမုန်းဆုံးပေါ့။ "" လာပါ နန်းမိုင်ရာ။ ပျော်ပျော်နေစမ်းပါ။
ကလပ်လာပြီး မှိုင်တိုင်မနေစမ်းပါနဲ့။ "ရမ်က လက်ဆွဲကာ ကတဲ့ဆီခေါ်သွားပေးနေပေမဲ့
နန်းမိုင် နားထဲမှာကတော့ မာမီရဲ့
စကားသံတွေက ပဲ့တင်သံအလားပေ။နင့်ကို ငါက အမုန်းဆုံးတဲ့။
" ကတော့မယ်နော် နန်းမိုင်
ဒီလို ဒီလိုလေး ကရတယ်ဟ။
ကြည့်စမ်း ငါ ကတာမလှဘူးလား။ "နန်းမိုင်ကို ရမ် လုပ်ပြနေတဲ့ အကကိုလည်း
စိတ်မပါစွာနဲ့သာ နန်းမိုင် ကြည့်နေမိသည်။" ဘာလို့ အဲ့ဒီလိုကြီး လုပ်နေရတာလဲလို့
မနန်းမိုင်..? ကြည့်ပါအုံး။
ငါ ကတာမလှဘူးလားလို့။"ဖင်လေးကိုပါ ခါယမ်းပြလာသဖြင့်
နန်းမိုင် ခေါင်းယမ်းလိုက်မိတော့သည်။" အရင်က ငါ ဒီလိုကပြရင် နင် ရယ်နေကြပါ
နန်းမိုင်ရာ။ ကြည့်ပါအုံး ငါ မလှဘူးလားလို့။ "ထပ်မံလုပ်ပြနေသူအား နန်းမိုင် ခေါင်းယမ်း
လိုက်ပြီး အောက်ကိုသာ ထိုင်ချပစ်လိုက်တော့သည်။" လာပါ နန်းမိုင်ရာ။ ဘာလို့ အောက်ထိုင်ချလိုက်
ရတာလဲ။ မကဘူးဆိုလည်း မကဘူးပေါ့။ "
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤