အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 35 ]

1.1K 40 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 35  ]

" ဟားဟား...ဟားဟား..! "

" သဲသဲ...! "

အားရပါးရ နန်းမိုင် ရယ်နေတုန်း ခေါ်သံကြောင့်
နန်းမိုင် ရယ်တာလည်းရပ်မသွားသလို
ဒီတိုင်းသာ ကိုကို့ကို မော့ကြည့်လိုက်တော့သည်။

" ငိုချင်ရင် ငိုချလိုက်ပါ သဲသဲရဲ့။
ဘာလို့ တောင့်ခံနေရတာလဲ ညီမလေးရဲ့။ "

" နန်းမိုင် မငိုချင်ဘူး ကိုကို
နန်းမိုင်ကို မချစ်တဲ့သူတွေအတွက် နန်းမိုင်
မငိုချင်တော့ဘူး။ "

မငိုချင်ဘူးလို့ သဲသဲက အားတင်းကာ ပြောနေပေမဲ့
အသံတွေက တုန်နေတယ်‌ဆိုတာ
သဲသဲ သိလားလို့ ဝန မေးလိုက်ချင်သည်။
ဒါပေမဲ့ သဲသဲ နာကျင်သွားမှာကို ဝန မလိုလားဘူး။

"ကိုကို့ သဲသဲက တော်တော်ဆိုးတာပဲ။
ဘာလို့ အဲ့ဒီလောက်ထိဆိုးရတာလဲ။
ငိုချင်ရင် ငိုပါကွာ ကိုကို ရှိတယ်လေ။ "

ထိန်းချုပ်ထားတဲ့ကြားကနေ ပေါက်ခနဲစီးကျလာ
သော မျက်ရည်တစ်စက်ကြောင့် ကိုကို့
ကျောပြင်ကို နန်းမိုင် အမြန်ဖက်ထားလိုက်မိတော့သည်။

" ငိုလိုက်နော်။ ငိုပြီးရင် သဲသဲ အနာတွေကို
ကိုကို ဆေးထည့်ပေးမယ်။ "

ခေါင်းလေးကို ပုတ်ကာပြောလာတဲ့ ကိုကိုရဲ့
စကားနဲ့အတူ နန်းမိုင်ရဲ့ မျက်ရည်တွေကို
စီးကျခွင့်ပေးလိုက်ကာ ရှိူက်သံတော့
နန်းမိုင် မထွက်ခဲ့ပါ။

*****************************

" မင်း တစ်ကိုယ်လုံးက ဘာဖြစ်လာတာလဲ
နန်းမိုင်သဲခေတ်..! "

အခန်းပြန်ရောက်တာနဲ့ ကိုကို စီးထားပေးတဲ့
ပတ်တီးတွေကို ကြည့်ကာ မေးလာသော
ဦးထိ။

သို့သော် နန်းမိုင် ပြန်မဖြေဘဲ မမြင်ချင်သလိုသာ
ကျော်သွားဖို့ပြင်သည်။

" နန်းမိုင်သဲခေတ်..! ငါ မေးနေတာ မကြားဘူးလား။
မင်း နားကန်းနေတာလား နန်းမိုင်သဲခေတ်..! "

ဒဏ်ရာရထားတဲ့အနာကို အကြမ်းပတမ်းကိုင်ကာ
မေးလာတော့ အောင့်တက်သွားတဲ့ နာကျင်ခြင်းက
ဦးထိရဲ့ နန်းမိုင်ကို ကြည့်နေတဲ့အကြည့်တွေထက်
တော့ နာကျင်မယ်မထင်ပါ။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now