အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 47 ]

1.2K 43 2
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 47  ]

" အန်တီနန်းအိမ်...! ခင်ဗျားကို ကျတော်
တကယ်မထင်ထားမိဘူး။ ပြောရမယ့်စကားလုံးတွေ
လည်း ပျောက်ရှကုန်ပြီ။ "

" သားထိဘွား... ကြား...ကြားလိုက်တာလား။ "

" ဟုတ်တယ်။ ကျတော် အကုန်ကြားလိုက်ပြီ။ "

နန်းမိုင်သဲခေတ်က ထွက်သွားခဲ့တဲ့အတွက်ကြောင့်
ထိဘွားရဲ့ စိတ်ပျက်ခြင်းတွေကလည်း ဒေါ်နန်းအိမ်ခင်
ဆီမှာ အပြည့်နဲ့ပေ။

" ထင်မထားဘူး။ ခင်ဗျားက ဒီလောက် ယုတ်မာ
လိမ့်မယ်လို့။ ကျတော် နန်းမိုင်သဲခေတ်ကို
ခင်ဗျားတို့ သားမိနဲ့ ပတ်သက်ပြီး ပြောခဲ့မိတာ
တွေက ဒီနေ့လိုအချိန်မှာ ကျတော့်အတွက်
နောင်တရစရာဖြစ်နေမယ် မထင်ခဲ့မိဘူး။
ခင်ဗျားက အတော် အောက်တန်းကျတာပဲ။
ခင်ဗျား ယောင်္ကျား ဦးမိုးထက်သာ
ဒီအကြောင်းတွေကို သိသွားခဲ့မယ်ဆိုရင်
ဘာဖြစ်မလဲ မသိဘူးနော်။ "

" မလုပ်နဲ့‌နော် သားထိဘွား...! မလုပ်ပါနဲ့။ "

" ဘာတွေကို အခုမှကြောက်နေရတာလဲ။
ခင်ဗျား လုပ်တုန်းက လုပ်ထားပြီး။ ဦးမိုးထက်သာ
ဒီကိစ္စတွေကို သိသွားမယ်ဆိုရင် ခင်ဗျားကို
အတော်စိတ်ပျက်သွားမှာပဲ။ "

" အန်တီနန်းအိမ် တောင်းပန်ပါတယ် သားထိဘွားရယ်။
အန်တီနန်းအိမ် တောင်းပန်ပါတယ်။ "

" ကျတော့်ကို တောင်းပန်ရမှာမဟုတ်ဘူး။
ခင်ဗျား နန်းမိုင်သဲခေတ်အပေါ် လုပ်ခဲ့သမျှတွေအတွက်
သူ့ကိုသာ တောင်းပန်ရမှာ။ ခင်ဗျားက တကယ့်
အမေဆိုးပဲ။ ဒါကို ကျတော် မသိဘဲ
မိုင်မိုင်ကို ပြောဆိုခဲ့မိတာ။ အဲ့ဒီအတွက်
ကျတော် နောင်တရလို့ မဆုံးဘူး။ "

" အန်တီနန်းအိမ် မှားပါတယ်ကွယ်။ "

" မှားလည်း ခင်ဗျား နောက်ကျသွားပြီ။
မိုင်မိုင်က ခင်ဗျားကို မုန်းသလို ကျတော့်ကိုလည်း
မုန်းသွားပြီ။ အခု ခင်ဗျားလုပ်ရမှာက
မိုင်မိုင်အနား ဘယ်တော့မှမလာဖို့ပဲ။
ခင်ဗျား ထပ်လာနေရင် မိုင်မိုင်က အခုလို
နာကျင်နေမှာ။ ကျတော်လည်း မိုင်မိုင် ထပ်နာကျင်တာ
တွေ့ရင် ဦးမိုးထက်ကို ဖုန်းလှမ်းဆက်ပြီး
အမှန်တရားတွေကို သိအောင် ပြောလိုက်ဖို့ ဝန်မလေးဘူး။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now