အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 26 ]" နန်းမိုင်က ဒယ်ဒီကို လွမ်းနေတာ။ "
" ဒယ်ဒီလည်း သမီးလေးကို လွမ်းနေတာ။
ဘယ်လိုလဲ ထိဘွားနဲ့ အဆင်ပြေရဲ့လား။
သူက သမီးကိုရော ဂရုစိုက်ရဲ့လား။ "" ဟုတ် ဒယ်ဒီ ဂရုစိုက်ပါတယ်။ "
ပိတ်ရက်တောင် နန်းမိုင် မစောင့်တော့ဘဲ
ဒယ်ဒီ company အထိ သွားကာ
အလွမ်းသယ်မိသည်။" ဘာစားချင်လဲ။ ဒယ်ဒီ ဖုန်းဆက်ပြီး
မှာပေးရမလား။ ဒါမှမဟုတ် ဒီနားက
ဆိုင်မှာ တစ်ခုခုသွားစားကြမလား....? "" သွားစားကြမယ်လေ။ ဒါပေမဲ့ ဒယ်ဒီ
ခွံ့ကျွေးရမယ်နော်။ နန်းမိုင် ဒယ်ဒီ
ခွံ့ကျွေးတာကို စားချင်လို့။ "" ဟုတ်ပါပြီ။ ဒယ်ဒီရဲ့ မင်းသမီးလေးကို
ဒယ်ဒီက ခွံ့ကျွေးရမှာပေါ့။ "" ဟီးဟီး ဒယ်ဒီ "
စိတ်ပင်ပန်းနေလည်း ဒယ်ဒီ နဲ့  တွေ့လိုက်ရင်
နန်းမိုင် တစ်ဝက်သက်သာသည်။
ဒယ်ဒီက နန်းမိုင်ရဲ့ အကောင်းဆုံး
လက်ဆောင်လေး။*************************
" ကြီးကြီးလေ ခွံ့လေ ဒယ်ဒီကလည်း။
ဒယ်ဒီက ဒီလိုပိစိလေးခွံ့တော့
နန်းမိုင် မဝဘူး။ "" ဟုတ်ပါပြီဗျာ။ ဒယ်ဒီ သမီးကို
အကြီးကြီး ခွံ့ ကျွေးမယ်။ "" အာပါးပါး ဒီသားဖ ချစ်ကြည်နူးနေကြပါလား။
လေးခေတ် ကျတော်လည်း ခွံ့ကျွေးပါအုံး။ "" ဟင့်အင်း မခွံ့နဲ့ ဒယ်ဒီ...
နန်းမိုင်ကိုပဲ ခွံ့နော်။ "" နန်းမိုင်စုတ်..! "
" ရမ်စုတ်ရမ်ပြတ်...!! "
ကလေးနှစ်ယောက်ရန်ဖြစ်နေတာအား
ကြည့်ပြီး ဦးခေတ်လူက သဘောတကျနဲ့
ပြုံးပြုံးကြီး ဖြစ်နေလေသည်။" နန်းမိုင် အရူးမ..!! "
" ရမ်စုတ် ခွေးကောင်... !! "
" မချစ်တာလဲမဟုတ်ဘူး။ ဒီသူငယ်ချင်း
နှစ်ယောက်ကတော့ တွေ့တာနဲ့ ကိုက်နေကြတာ။
သားရမ် သမီးကို လာခေါ်တာမလား။ "" ဟုတ် လေးခေတ်... ကျတော် ခေါ်သွားလိုက်
အုံးမယ်။ နန်းမိုင် ထ "
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤