အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 41 ]

1.2K 44 3
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 41  ]

သူမောင်းချလိုက်လို့ နန်းမိုင်သဲခေတ် ဆင်းသွားတာကို
သိပေမဲ့ ထိဘွား လိုက်မခေါ်ချင်သေး။

ခဏလောက်လေး ပစ်ထားအုံးမယ်။

နန်းမိုင်သဲခေတ်က တနေ့တခြား ပိုပိုဆိုးလာတယ်။
သူ့ ရင်တစ်ခုလုံးကလည်း နန်းမိုင်သဲခေတ်ကြောင့်
နေလို့ မကောင်းချင်။

ထိဘွား ဘာဖြစ်နေတာလဲ။
နန်းမိုင်သဲခေတ် နဲ့ ပတ်သက်ပြီး သူ့ စိတ်တွေက
ဘာဖြစ်နေတာလဲ။

ဟင့်အင်း အဖြေကို သူ မစဉ်းစားချင်ဘူး။
နန်းမိုင်သဲခေတ်က အဲ့ဒီလောက်ထိ အရေးမပါဘူး။

အချိန်တွေလည်း တဖြည်းဖြည်းကြာသွားခဲ့ကာ
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြောင့်
ထိဘွား အခုမှ အသိဝင်လာခဲ့ကာ
ကားကို စက်နှိုးကာ နန်းမိုင်သဲခေတ်နောက်
လိုက်ဖို့ ပြင်ရတော့သည်။

နေရာအနည်းငယ် ပတ်မောင်းပြီးတာတောင်
နန်းမိုင်သဲခေတ်ကို မတွေ့သေးတော့ ထိဘွား
အသက်ကို ပြင်းပြင်းကြီး ရှူလိုက်မိသလို
ပြန်လမ်းတစ်လျှောက်က ဘယ်နေရာမှာ
နန်းမိုင်သဲခေတ် ရှိမလဲဆိုတာ ထိဘွား
လိုက်ကြည့်နေလိုက်သည်။

" ငါ့လူကို ပုလင်းနဲ့ ရိုက်ရဲတယ်ပေါ့။
နင် အသေပဲကောင်မ..!  "

ကြားလိုက်‌ရသော အသံတွေကြောင့်
ထိဘွား  ကားကို ထိုနေရာအထိ အမြန်မောင်းခဲ့ပြီး
အောက်သို့ ဆင်းလာခဲ့လိုက်တော့သည်။

" နန်းမိုင်သဲခေတ်...!! "

ရောက်သွားချိန်မှာပဲ ဓားနဲ့ ထိုးဖို့ပြင်လာသော
လူရဲ့ ခေါင်းကို  သွေးတွေစွန်းနေတဲ့လက်ထဲက
ပုလင်းနဲ့ ရိုက်ချလိုက်သော နန်းမိုင်သဲခေတ်ပင်။

ချက်ချင်းဆိုသလို လဲကျသွားသောလူနဲ့
ထိုလူ မလဲကျခင်ကတည်းက လဲကျနေခဲ့တဲ့
လူနဲ့ဆို အခုလဲကျသွားတာက
နှစ်ယောက်တောင် ရှိနေပြီလေ။

နန်းမိုင်သဲခေတ်ရဲ့ လက်တွေကလည်း သွေးတွေနဲ့။

" မင်း ဘာဖြစ်သွားသေးလဲ နန်းမိုင်သဲခေတ်..!
ငါ့ကို ပြအုံး။ မင်း ခိုက်မိသွားသေးလား။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now