အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 63 ]

1K 38 0
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 63  ]

" သမီးနန်းမိုင်ကို လေးလေး ဘယ်လို
တောင်းပန်မှုမျိုးနဲ့ တောင်းပန်ရမလဲမသိတော့ဘူး။
လေးလေး သမီးကြောင့် အခုလို မဖြစ်သင့်တာတွေ
ဖြစ်လို့သွားခဲ့တာ။ "

နာရေးကိစ္စတွေ အကုန်ပြီးသွားတာနဲ့ နန်းမိုင်ကို
အိမ်တိုင်ရာရောက်လာရောက်တောင်းပန်သော
ဦးမိုးထက်..။

" ဖြစ်ပြီးသွားမှတော့ဘာမှမတတ်နိုင်တော့ပါဘူး။
အရင်စိတ်နဲ့ဆို နန်းမိုင် ဦးမိုးထက် တောင်းပန်တာကို
လက်ခံနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒယ်ဒီက
သူ မဆုံးခင် နန်းမိုင်ကို ရန်ငြိုးတွေနဲ့ မမြင်ချင်ဘူးတဲ့။
ဒီတော့ အကုန်လုံးကို နန်းမိုင် ခွင့်လွှတ်ပေးလိုက်ပါပြီ။
ဦးမိုးထက်လည်း နန်းမိုင်နည်းတူ ဝမ်းနည်းခဲ့ရတာပဲလေ။
နန်းမိုင်က မိဘဆုံးတဲ့ အပူ..ဦးမိုးထက်က သမီးဆုံးတဲ့
အပူ။ ဒီတော့ နန်းမိုင်နဲ့ ဦးမိုးထက် နာကျင်ရတာက
အတူတူပါပဲ။ "

" အင်း သမီးနန်းမိုင်....လေးလေးကို နားလည်ပေးလို့
ကျေးဇူးတင်ပါတယ်။ သမီး ပြောသလို
လေးလေးလည်း လေးလေး သမီးအတွက်
သိပ်ကို နာကျင်ရတုန်းပဲ။ "

" ဒါနဲ့ မဖြူစင် ခိုင်းတာကို လုပ်ပေးတဲ့ တံခွန်ကို
ဦးမိုးထက် ထောင်ထဲပို့လိုက်ပြီလား...! "

" အင်း။ ဒီရောက်ရောက်ချင်းပဲ လေးလေး
ပို့လိုက်တာ။ ခက်တာက အဲ့ဒီကောင်လေးက
သူ့ကို တစ်သက်တစ်ကျွန်းချခိုင်းနေတာ။
လေးလေး သမီးနာမည်ကိုလည်း  အော်အော်ခေါ်ပြီး
ထောင်ထဲမှာ ငိုနေတာ။ "

" သူလည်း မဖြူစင်ကို ဆုံးရှူံးလိုက်ရလို့
နာကျင်နေတာလေ။ တကယ်တမ်းကျတော့
အငြိုးတွေက သိပ်ကို ကြောက်ဖို့ကောင်းတယ်။
အရာအားလုံးက ဖြစ်ကို ဖြစ်လာရမယ့်ကံပါလာလို့
ဖြစ်တယ်လို့ပဲ နန်းမိုင် တွေးလိုက်နိုင်ပြီ။
ဘာလို့ဆို နန်းမိုင်လည်း အမှားမကင်းဘူးလေ။ "

" သမီးနန်းမိုင်လိုသာ လေးလေး သမီး အတွေး
ပေါက်ခဲ့မယ်ဆိုရင် အခုလို လေးလေးတို့
အားလုံး နာကျင်ရမယ်မထင်ဘူး။ "

" ပြီးသွားခဲ့ပါပြီ ဦးလေးမိုးထက်...
အခုမှတော့ နန်းမိုင်တို့ ဘာမှလုပ်လို့ မရတော့ဘူး။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now