အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 23 ]

824 24 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 23 ]

" သားရေ သမီးနန်းမိုင်ကို သေချာခေါ်သွားနော်။ "

" ဟုတ် မာမီ "

" နန်းမိုင် သွားပြီနော် မေကြူ... ဒယ်ဒီ "

ဒယ်ဒီတို့နှစ်ယောက်စလုံးအား နန်းမိုင် လက်ပြလိုက်​ရင်း
မင်္ဂလာဆောင်ဖို့ အဝတ်အစားအတွက်ရော
ဖိတ်စာအတွက်ရောပါ လိုအပ်တာတွေ
ဦးထိနဲ့ သွားကြည့်ဖို့ လိုက်သွားလိုက်တော့သည်။

မေကြူက နန်းမိုင် ကို စိတ်ကြိုက်လုပ်ပိုင်ခွင့်တွေ
အကုန်ပေးထားတယ်လေ။

နန်းမိုင် ဘက်က ပြောစရာမလိုအောင် နန်းမိုင် ကို
စိတ်ကြိုက် ရွေးခိုင်းထားတယ်။

-
-
-
-
-
-
-

" အဲ့တာ စနေ၊ တနင်္ဂနွေပိတ်ရက်ကျရင် သမီးနန်းမိုင်
ကို မောင်လေး အိမ် လာအိပ်ခိုင်းမှာလေ။
ကျမနဲ့က တစ်ပတ်မှာ ငါးရက်ပေါ့။
မောင်လေးနဲ့ကတော့ နှစ်ရက်ပေါ့။ အဆင်ပြေရဲ့လား
မောင်လေး "

" ပြေတာပေါ့ မကြူရာ။ ကျတော်တို့သားဖအတွက်
အခုလို တွေးပေးတာ ကျေးဇူးတင်ပါတယ်။ "

" ဒါကတော့ သမီးနန်းမိုင်ကို ကျေးဇူးတင်ရမှာ။
ကလေးက မောင်လေးနဲ့ပါ နေချင်တာလေ။
နောက်ပြီး မကြူကလည်း အစကတည်းက
ဒီလို တွေးပေးထားမလားလို့။ မကြူတောင်
သားကို အရမ်းချစ်တာ မောင်လေးဆို
တစ်ယောက်တည်း ရှိတဲ့ သမီးကိုလည်း
အရမ်းချစ်မှာပဲ။ မဟုတ်ဘူးလား မောင်လေး"

ဒီလောက် ပြီးပြည့်စုံပြီး သဘောကောင်းသော
ယောက္ခမကို ရတော့မယ့် သမီးလေးအတွက်
ဦးခေတ်လူ အတိုင်းမသိ ဝမ်းသာရသည်။
အခုတောင် ခေါင်းတွေ တဆက်ဆက်ညိတ်
နေမိသည်။

" ကျေးဇူးပါ မကြူရယ်။ကျတော် တကယ်ပဲ
ကျေးဇူးတင်ပါတယ်။ "

" ရပါတယ် မောင်လေးကလည်း။ မောင်လေးအိမ်
ပြန်အိပ်တဲ့အခါကျရင်လည်း သားကိုပါ မကြူက
ထည့်ပေးအုံးမှာ။ ဒါမှ ကလေးတွေက
အစ်မတို့ နှစ်ယောက်စလုံးနဲ့ ရင်းနှီးနေမှာလေ။ "

" ဟုတ် မကြူ ...ကျတော် တကယ်ကို
ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သမီးလေးကို
ကျတော် စိတ်ချသွားပြီ။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now