အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 51 ]

1.1K 36 0
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 51  ]

အိမ်ပြန်ရောက်တော့ နန်းမိုင်ရဲ့ စိတ်တစ်ခုလုံး
လေးလံနေမိသည်။ မာမီရဲ့ စကားတွေကို
နားမလည်ပေမဲ့ တစ်ခုခုအတွက်တော့
နန်းမိုင် စိုးရိမ်လို့ နေမိသည်။

" ဘာစားချင်လဲ မိုင်မိုင် .....
ဒီနေ့ မိုင်မိုင် ဘာမှသိပ်မစားဘူး။
မိုင်မိုင်အတွက် ကိုယ် ဘာလုပ်ပေးရမလဲ။ "

" ရတယ် ဘာမှလုပ်မပေးနဲ့။ "

" မရဘူးလေ။ ဒီရက်ပိုင်း မိုင်မိုင် သိပ်မစားဘူး။
ကိုယ့် မာမီ ချက်ပေးတဲ့ဟင်းတွေကိုရော။ "

" ပြောမရတော့လည်း လုပ်ပေါ့။ ပြောမနေ
တော့ဘူး လေကုန်လို့။ "

အပြုံးတွေနဲ့ ပြုံးပြလာခဲ့တဲ့ ဦးထိက စိတ်ဆိုး‌
ရကောင်းမှန်းလည်း မသိပါ။ အပြစ်ရှိလို့
လုပ်ပေးနေတာ ‌သိနေတော့ ထိုလုပ်ပေးသမျှကို
နန်းမိုင် တစ်ခုမှ အကောင်းမြင်မှာ မဟုတ်ပါ။

_
_
_
_
_
_
_

" လာပါပြီ။ ပုစွန်ဆန်ပြုတ်လေး။
ပုစွန်ကြိုက်တဲ့ ကောင်မလေးအတွက်
ပုစွန်လေးနဲ့ ဆန်ပြုတ် ပြုတ်လာပါတယ်။
စားကြည့်လိုက်နော် မိုင်မိုင်...ကိုယ်ရဲ့ လက်ရာကို
မိုင်မိုင် ကြွေသွားစေရမယ်။ လူကိုရော..."

ပြောကာ မျက်စိမှိတ်ပြလာဖြင့် နန်းမိုင် မဲ့လိုက်မိတော့သည်။

" ဆန်ပြုတ်တော့ ကြိုက်ရင်ကြိုက်လိမ့်မယ်။
လူကိုတော့ ဒီတစ်သက်ကြိုက်လာမှာမဟုတ်ဘူး။ "

အဆင့်သင့်တပ်ပေးထားတဲ့ ဇွန်းအား နန်းမိုင်
ယူလိုက်ပြီး ဆန်ပြုတ်ကို တစ်လုတ်လောက်
ခပ်သောက်ကြည့်လိုက်တော့ အရသာက
အတော်လေးကို ကောင်း‌နေသည်။

မထင်ရဘူး။ ဦးမင်းထိဘွားက လက်ရာကောင်းသားပဲ။

" ကောင်းလား မိုင်မိုင် "

" မကောင်းပါဘူး။ အရသာက ဒီတိုင်းပဲ။
ဗိုက်ဆာနေတော့ ကုန်အောင် သောက်ပေးလိုက်မယ်။
သွန်ပစ်ရမှာ နှမြောလို့။ "

" အင်းပါ မိုင်မိုင် သဘော....ကျေးဇူးနော်
မကောင်းလည်း ကိုယ့် ဟာကို ကုန်အောင်သောက်ပေးလို့။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now