အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 14 ]" ဒါတွေက ဒီမှာတပ်ဖို့လား ဦးထိ.....? "
" အင်းလေး ဒါမှမြဲမမြဲသိမှာ။ အုန်းသီး
ခြောက်တွေကို ကြိုးနဲ့ပူးချည်ထားတော့လည်း
ငါတို့ ရေနစ်တဲ့အခါ အသုံးဝင်တယ်လေ။ "" နန်းမိုင် က ရေမကူးတော့ ခပ်ကြောက်ကြောက်ရယ်
ဦးထိ.... "" မပူပါနဲ့ ငါ ရှိပါတယ်။ မင်း နစ်ရင်
မင်းကို ငါ ဆင်းကယ်မှာ။ "" ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ဦးထိ အပြောကို နန်းမိုင် ကျေးဇူးတင်တယ်။
ဒါနဲ့ ဒါက ဘယ်အချိန်ပြီးမှာလဲ ဦးထိ...? "" ညနေလောက်မှ ပြီးမှာ။ ငါက အဲ့ဘက်
ပိုင်း ကျွမ်းကျင်တဲ့သူ မဟုတ်တော့။
ဒါနဲ့ ငါ့ကို သံမှိုလေးတွေ ရှာကူပေးပါအုံး။
ကမ်းစပ်အနားမှာ ရှိမရှိဆိုတာ။ "" ဟုတ် ဦးထိ နန်းမိုင် ရှာပေးမယ်နော်။
ဝါးတွေသာ ဦးထိရအောင် ခုတ်ထား
နန်းမိုင် ကူညီပေးမယ်။ "" အင်း... ကျေးဇူးပဲ။ "
ဆက်ဆံရေး တစ်ခုမှာ အချင်းချင်း ပြေလည်သွား
ကြရင် ရိုသေလေးစားမှုဆိုတာရှိလာစမြဲ။
အဲ့ဒီလိုပဲ နန်းမိုင် ကို ဦးထိက ကျေးဇူးတွေတင်
တတ်လာသလို နန်းမိုင် ပြောသမျှကိုလည်း
ဦးထိက လေးလေးနက်နက်နဲ့ နားထောင်
ပေးတတ်လာခဲ့ပြီ။-
-
-
-
-
-
-
-
-
-
-" မောနေပြီလား ဦးထိ...? နန်းမိုင်
ရေယူလာတယ်။ ဦးထိ သောက်လိုက်ပါအုံး။ "" ကျေးဇူးပဲ နန်းမိုင်သဲခေတ်... "
" ဟုတ် ဦးထိ.... "
ဝါးဖောင်ဆောက်တာ ချွေးတွေအပြည့်ထွက်နေတာ
တောင် ဦးထိက သိပ်ကို ကြည့်ကောင်းလွန်းသည်။
အခုလည်း နန်းမိုင် တိုက်တဲ့ရေကို
ဦးထိ သောက်နေပုံက ယောင်္ကျားပီသလွန်း
အားကြီးသည်။လေးထောင်ပုံစံမျက်နှာကျနဲ့ နှုတ်ခမ်းမွှေးရေးရေး
လေးတွေ ပေါက်နေသော ဦးထိက
နန်းမိုင်ကို သိပ်ကို ပြုစားလွန်းအားကြီးသည်။ဒီလူသားက နန်းမိုင် အပိုင်သာ ဖြစ်လိုက်မယ်ဆိုရင်
ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤