အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 49 ]

1.3K 45 2
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 49  ]

" မာမီကို စိတ်ဆိုးနေတာလား သမီး...?
သမီးဖြူစင် အခုတလော မာမီကို ဘာမှမပြောဘူးနော်။ "

" ဟင့်အင်း... ဖြူစင် မာမီကို စိတ်မဆိုးပါဘူး။
ဒီတိုင်း ဖြူစင်မှာ ပြောစရာတွေ နည်းပါးသွားခဲ့တာ။ "

လက်စားချေပေးဖို့ ကိစ္စ ဒေါ်နန်းအိမ်ခင် ကြာနေတာနဲ့ပဲ
သမီးဖြူစင် အရင်ကလို မခင်တွယ်ချင်တော့ဘူးဆိုတာ
ဒေါ်နန်းအိမ်ခင် သိသည်။

" သားထိဘွားနဲ့ ပတ်သက်ပြီး သမီး အခုထိ
စိတ်မကောင်း ဖြစ်နေတုန်းလား။
မာမီ သမီးကို မပြောလိုက်မိတာအတွက်။
အဲ့တာက သမီး နာကျင်ရမှာ မာမီက ကြောက်လို့ပါ။ "

" အင်းပါ။ မာမီကို ဖြူစင် နားလည်ပါတယ်။
ဒါနဲ့ လက်စားချေဖို့ ကိစ္စ မာမီ လုပ်တော့မှာလား။
ဖြူစင် နန်းမိုင်သဲခေတ် ရှူံးမှာကို မြင်ချင်နေပြီ။  "

" မာမီကိုသာ ခဏလောက်စောင့်ပေးအုံးနော်။
မာမီ လုပ်ပေးမှာပါ။ "

" ဟုတ် မာမီ..."

မာမီ အချိန်ဆွဲနေတာ ဖြူစင် သိပေမဲ့ ဘာမှအထွန့်တက်
မနေတော့ပါ။ ဒါကလည်း ဖြူစင်မှာ တံခွန် ရှိနေလို့ပင်။

မာမီသာ မလုပ်ဘူးလို့ ငြင်းလာတာနဲ့ တံခွန်ကိုပဲ
ဖြူစင် လုပ်ခိုင်းတော့မှာ။ ဒီတော့ မာမီ အချိန်
ဘယ်လောက်အထိ ဆွဲအုံးမလဲဆိုတာ ဖြူစင်
ကြည့်အုံးမည်။

*****************************

မြင်နေရသော မျဉ်းနှစ်ကြောင်းကြောင့် နန်းမိုင်မှာ
ကိုယ်ဝန်ရှိတယ်ဆိုတာ သိလိုက်ရပြီ။

ဘာပဲဖြစ်ဖြစ် သေချာအောင် ဆေးရုံသွားပြအုံးမည်။

ကိုယ်ဝန်ရှိတော့လည်း ဘာအရေးလဲ။
နန်းမိုင်ဘာသာ ကလေးကို စောင့်ရှောက်မယ်။
ဦးထိကို နန်းမိုင် မလိုအပ်ဘူး။
နန်းမိုင်မှာ ကိုယ်ဝန်ရှိတာကိုလည်း ဦးထိ ဘယ်တော့မှ
မသိစေရဘူး။

>>>>>>>>>>>>>>>>>>>>>>>

" သားရယ် အခုတလော အချဉ်တွေကလည်း
တအားစား...ပြီးရင် အန်၊ ပြီးရင် ဆက်စားနဲ့
မသိရင် မာမီ သားက ဗိုက်ကြီးနေတာ ကျနေတာ။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now