အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 44 ]

1.3K 49 5
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 44  ]

" ဒီနေ့ သမီးနဲ့ အတူတူပြန်လာတာပဲ မာမီသားက။ "

" ဟုတ် မာမီ..."

" ကျတော် ပန်းလို့ အပေါ်တက်တော့မယ် မာမီ..."

" အေးအေး သား...."

" နန်းမိုင်သဲခေတ် အပေါ်လိုက်ခဲ့ပေးအုံး။
ငါတို့ စကားပြောရအောင်။ "

အိမ်ပြန်ရောက်တဲ့အထိကို နန်းမိုင်ကို လွှတ်မပေးသလို
အခုလည်း မေကြူရှေ့မှာတင် နန်းမိုင်ကို ‌ဆွဲခေါ်သွား
တော့သည်။

အခန်းထဲ ရောက်တာနဲ့ တံခါးကို ပိတ်ပစ်ကာ
နန်းမိုင်ကို ကြည့်လာခဲ့သည်။

" မင်း ကျေနပ်လား နန်းမိုင်သဲခေတ်..!
ငါ့ကို တစ်နေ့တစ်မျိုး ဒုက္ခတွေ လိုက်ပေးနေတာ။
အခု မင်း ဒယ်ဒီကလည်း ငါနဲ့ မင်းကို
သဘောမတူချင်တော့ဘူး။ ဒါပေမဲ့
မင်း သိထားဖို့က ငါ ဘယ်တော့မှ မင်းကို
ကွာရှင်းပေးမှာ မဟုတ်ဘူးနော်။ "

" ဒါဆိုလည်း နန်းမိုင် ဆိုးသမျှကို ကောင်းကောင်း
ကြီး ခံလိုက်ပေါ့။ "

" မင်း အတော်ဆိုးတာပဲ။ "

" ဟုတ်တယ် အတော်ဆိုးတယ်။ မခံနိုင်ရင်
ကွာရှင်းပစ်လိုက်။ "

နန်းမိုင်ရဲ့ စကားအဆုံးမှာတင် ရင်တစ်ခုလုံးက
ဦးထိရဲ့  ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရကာ .....

" လုံးဝပဲ။ ကွာရှင်းလိုက်ဖို့အတွေး ငါ့မှာ
မရှိဘူး။ ဒါနဲ့ မင်းကို ငါ ဘယ်လိုချည်နှောင်ထား
ရမလဲ။ ကွာရှင်းမယ်ဆိုတဲ့ စကား မင်း
ပါးစပ်က ထပ်မပြောရအောင်။ "

" လွှတ်..! နန်းမိုင်ကို အခုလွှတ်နော်။ "

" ဖက်တာလေးကို ဖြစ်ပျက်မနေနဲ့။
ဝနနဲ့ ရမ်နဲ့ဆို မင်းက ဖြစ်ချင်တိုင်း
ဖြစ်ပျက်နေတာလေ။ ငါက ဖက်ရုံလေးပဲ
ဖက်တာ။ အဲ့ဒီလိုဖက်ခွင့်လည်း ငါ့မှာ
အပြည့်ရှိတယ်။ မင်းက ငါ့ မိန်းမ နန်းမိုင်သဲခေတ်..""

ငုံ့မိုးကာ ပြောလာတဲ့သူကို နန်းမိုင် စိတ်တိုလို့
မဆုံးပါ။

" ဟုတ်လား...! ဒီမှာ ဦးမင်းထိဘွား တစ်ခုသိထား
ဖို့က နန်းမိုင် ဦးမင်းထိဘွားကို ကွာရှင်းချင်ရင်
အလွယ်လေးနော်။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now