အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 62 ]

737 29 0
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 62  ]

" သမီးလေး.....!!! "

မဖြူစင်၊ ဒယ်ဒီနဲ့ မာမီတို့ရဲ့ အခေါင်းတိုင်ကနေ
မီးခိုးတွေက ကောင်းကင်ထက်ကို ပျံတက်သွားချိန်
ဦးမိုးထက်ရဲ့ အော်ခေါ်သံကြီးကလည်း
လှိုက်တက်စွာနဲ့ပေ။

" ဒယ်ဒီ သမီးလေး...! ဘာလို့ ဒယ်ဒီကို ထားသွားရတာလဲ။
သမီးအတွက် ဒယ်ဒီ ရှာပေးထားတာတွေကို
လာဖြုန်းပေးအုံးလေ။ ဒယ်ဒီ ပြောတာကြားရဲ့လား။ "

မျက်ရည်တွေ အပြည့်နဲ့ အော်ခေါ်နေသော ဦးမိုးထက်ရဲ့
နာကျင်ခြင်းတွေကို နန်းမိုင် ကိုယ်ချင်းစာလို့
ရပါသည်။ သို့သော် နန်းမိုင်လည်း အဲ့ဒီထက်
နာကျင်ခဲ့ရတာပဲလေ။ ဒယ်ဒီရော မာမီရော
တစ်ချိန်တည်း ဆုံးသွားခဲ့တာ။

" ဝမ်းနည်းနေရင် ငိုချလိုက်နော် မိုင်မိုင်...?
ဘာမှကို တောင့်ခံမထားနဲ့။ မဟုတ်ရင်
မိုင်မိုင် နာကျင်နေရမှာ။ "

ဦးမိုးထက်က မဖြူစင်အတွက်နဲ့ ငိုနေတော့
နန်းမိုင်ကိုလည်း ဦးထိက စိတ်ပူပြီး
ငိုခိုင်းလာခဲ့သည်။ ဒါပေမဲ့ နန်းမိုင် မျက်ရည်တွေ
မကျခဲ့တော့ပါ။ ရင်ထဲမှာ သိပ်နာကျင်နေတာပဲ
သိသည်။ မခံမရပ်နိုင်လောက်အောင်ကို
နာကျင်နေခဲ့တာ။

" ငိုချင်ရင် ငိုချလိုက်နော် မေကြူရဲ့ သမီးလေး...
မေကြူ ရှိတယ် သိလား။ "

" ဖိုက်တင်းနော် ညီမလေး......
ညီမလေး ကျော်ဖြတ်နိုင်မှာပါ။
ကိုစိုင်းတို့ အားပေးနေမယ်နော်။ "

" အင့်ဟင့်...အင့်ဟင့်...လေးခေတ်..!
လေးခေတ်...!! "

" တအားကြီး  ငိုမနေနဲ့လေ ရမ်...
ညီမလေး ဝမ်းနည်းသွားလိမ့်မယ်။ "

" ကျတော် အရမ်းနာကျင်တယ် စိုင်းရာ။
ဒီရင်ဘတ်ကြီးက သေလောက်အောင်ကို
နာကျင်တာ။ ကျတော် ချစ်ရတဲ့ လေးခေတ်
မရှိတော့ဘူး သိရဲ့လား အင့်ဟင့်...အင့်ဟင့် "

" အင်း။ ကိုယ် နားလည်ပါတယ်။
လာလာ ကိုယ့် ပခုံးပေါ်မှာ ငိုနေလိုက်။ "

ငိုခိုင်းတဲ့လူက မငိုဘဲ ရမ်ညီ တစ်ယောက်ကတော့
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်နဲ့ပင်။
အခုလည်း စိုင်းနောင်ရဲ့ ပခုံးကို မှီကာ ငိုနေလေသည်။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now