အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 43 ]

1.2K 44 8
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 43  ]

" ထိဘွား...မင်းနဲ့ ငါ မနက်ဖြန်မှ ဆက်ပြောကြမယ်။
မင်း ဖြူစင်ကို လိုက်ပို့မှာမလား။ လိုက်ပို့ချေလေ။ "

" အေး....."

အလွယ်တကူထွက်သွားသော ထိဘွားကို
စိုင်းနောင် ကြည့်ပြီး သက်ပြင်းချလိုက်မိတော့သည်။
ညီမလေးက ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တာပဲ။

ထိဘွားနဲ့ ညီမလေး ပြောတာတွေကို သူအကုန်ကြားပြီး
သွားပြီ။ ဝနနဲ့ ရမ်ကိုလည်း ဒီအကြောင်း
စိုင်းနောင် ပြောပြရမည်။ ထိဘွားက
သူငယ်ချင်း အရင်းကြီးဆိုပေမဲ့ ညီမလေးဘက်ကိုပဲ
စိုင်းနောင် လိုက်မည်။ ဒါဟာ မှန်ကန်တယ်လို့လည်း
စိုင်းနောင် ထင်သည်။ ညီမလေးက ဘယ်တော့မှ
လိမ်ညာမယ့်သူ မဟုတ်ဘူး။

******************************

" ပါးတွေက ‌ယောင်ကိုင်းနေတာပဲ။
အန်တီနန်းအိမ် မြင်ရင် ငါ့ကို ဆူတော့မှာပဲ။
နင့်ကို ကာကွယ်မပေးလို့ဆိုပြီး။ "

" ရပါတယ် ထိဘွားရယ်။ ငါလည်း မှားတာပါ။
ငါ သွားပြောလိုက်မိတာကိုး။ "

" မဟုတ်တာ။ နန်းမိုင်သဲခေတ်က မှားတာပါ။
ဒါကြောင့် ငါ သူ့အစား နင့်ကို တောင်းပန်ပါတယ်။
ငါ တကယ်ကို တောင်းပန်ပါတယ်။ "

ဖြူစင် ဖြစ်စေချင်တာက ဒီလိုမှမဟုတ်ဘဲ။
အဲ့တာကို ထိဘွားက နန်းမိုင်သဲခေတ်အစား
တောင်းပန်ပေးနေတော့ စိတ်တိုရသည်။
ရန်ဖြစ်တုန်းကလည်း ထိဘွား လုပ်ရက်တွေက
တုံ့ဆိုင်းနေခဲ့တာ။ မဟုတ်မှလွှဲရော ထိဘွား
နန်းမိုင်သဲခေတ်ကို ခံစားချက်ရှိသွားပြီလား။
ဟင့်အင်း ဒီလိုမဖြစ်ရဘူး။ ထိဘွားက
ဖြူစင် အပိုင်။ အဲ့ဒီလိုပဲ မာမီကလည်း ဖြူစင်
အပိုင်။

" တစ်ခုခုပြန်ပြောအုံးလေ ဖြူစင်...
ငါ့ကိုပါ စိတ်ဆိုးသွားပြီလား။ "

" မဟုတ်ပါဘူးဟာ။ "

" ဒါဆို နင်ဘာလို့ ငြိမ်ကျသွားရတာလဲ။ "

" ငါ တွေးနေတာ ထိဘွား....အရင်က
နင်က ဒီလိုမဟုတ်ပါဘူး။ တစ်ခုခုဆို ပြတ်ပြတ်သားသား
ပြောတတ်တယ်။ ဒါပေမဲ့ နန်းမိုင်သဲခေတ်နဲ့
ပတ်သက်ပြီး နင့် အမူအရာတွေက တုံ့ဆိုင်းနေတယ်။
မဟုတ်မှ နင် သူ့အပေါ်ကို ခံစားချက် ရှိနေတာလား..? "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now