အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 50 ]

1.1K 33 9
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 50  ]

" ကျတော်တို့ စကြတော့မလား မဖြူ....
အချိန်တွေ ဆွဲနေရင် ကျတော်တို့အတွက်
ကောင်းမွန်လာဖို့ မရှိဘူးနော်။ "

" ဖြေးဖြေးပေါ့ တံခွန်ရယ်။ တအားကြီး မလောစမ်းပါနဲ့။ "

" ကျတော်က မဖြူနဲ့ ကျတော့်အတွက်
နန်းမိုင်သဲခေတ်ရဲ့ ကျရှူံးခန်းကို သိချင်နေပြီ။ "

" ဒါတော့ဒါပေါ့။ ငါတို့လုပ်ရင် ပိရိမှ ရမယ်။
တစ်ယောက်မှ ငါတို့ကို တွေ့သွားလို့ မရဘူး။ "

" ကျတော် နားလည်ပါတယ် မဖြူရဲ့။
လုပ်ပြီဟေ့ဆိုရင် သေချာပိရိအောင် ကျတော်က
လုပ်မှာ။ မဖြူနဲ့ ကျတော်တို့အတွက်..."

အပြောလည်း ချိုသလို အပြုံးလည်း ချိုတဲ့
ဒီကောင်လေးနဲ့ တွေ့ရတာ ဖြူစင် အတွက်
ကံကောင်းခြင်း တစ်ပါးပဲ ဆိုပါတော့။
မာမီ မလုပ်နိုင်မယ့် ကိစ္စကို ဒီကောင်လေးက
လုပ်ပေးနိုင်တယ်လေ။

ဒီတော့ အပေါ်စီးကနေ ရပ်နေသလိုမျိုး ဖြူစင်မှာ
အာဏာအပြည့် ရှိနေလေသည်။
မာမီ ငြင်းလာခဲ့ရင် တံခွန်ကိုပဲ ဖြူစင် ခိုင်းမှာ။
အဲ့ဒီအခါ နန်းမိုင်သဲခေတ်ရဲ့ ကျရှူံးခန်းကို
ဖြူစင် ကောင်းကောင်းကြီး ကြည့်မှာ။

>>>>>>>>>>>>>>>>>>>>>>>>>>>

" ဘာလာလုပ်တာလဲ ဖြူစင်...
ငါ့ company ကနေ နင့်ကို မကြိုဆိုဘူးနော်။ "

" ဘာလို့ အဲ့ဒီလောက် ပြတ်သားနေရတာလဲ ထိဘွား...
မာမီက နန်းမိုင်သဲခေတ်ရဲ့ အမေဆိုတာ
သိသွားတာနဲ့ပဲ နင် အဲ့ဒီလောက် ပြတ်သားသွားရသလား။
အနည်းဆုံးတော့ ငါက နင်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ။ "

" အရင်ကတော့ ဟုတ်တာပေါ့။ အခုတော့
နင် ငါ့အပေါ် ဘယ်လိုတွေ သဘောထားနေလဲ။
အန်တီနန်းအိမ်နဲ့ နင်က မိုင်မိုင်ကို ထပ်မနာကျင်
အောင် မလုပ်ဘူးဆိုတာကိုရော ငါက
မသိတဲ့ ငတုံးမဟုတ်ဘူးနော်။ အဲ့တာကြောင့်
ငါတို့ မပတ်သက်ဘဲ နေလိုက်ကြရအောင်။"

"  နင် အတော်ပြတ်သားတာပဲ ထိဘွားရာ
ဒါငါ သိတဲ့ ထိဘွားမှ ဟုတ်ရဲ့လား။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now