အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 38 ]

1.1K 38 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 38  ]

" စိုင်းနောင်..! ဟေ့ကောင်..! နေအုံးဟ။ "

ထိဘွား ခေါ်နေပေမဲ့ ကျသွားတဲ့ဖုန်းလေးကြောင့်
သက်ပြင်းချလိုက်မိတော့သည်။

အရေးအကြောင်းဆိုရင် သူငယ်ချင်းကလည်း
အားကိုးလို့ကို မရဘူး။

နန်းမိုင်သဲခေတ်ရဲ့ ဖုန်းနံပါတ်ကိုလည်း ထိဘွား
ခေါ်ချင်စိတ်တွေ အပြည့်ရှိနေပေမဲ့
လက်က ခေါ်ဖို့မရဲ ဖြစ်နေလေသည်။

ခေါ်လိုက်တယ်ထားပါအုံး။ နန်းမိုင်သဲခေတ်
မကိုင်ရင် သူဘယ်လိုလုပ်မှာလဲ။

ဒါမှမဟုတ် နန်းမိုင်သဲခေတ် ကိုင်လာခဲ့ရင်ရော
ထိဘွား ဘာပြောရမှာတုန်း။

မင်း ဘယ်ကို ရောက်နေတာလဲ နန်းမိုင်သဲခေတ်..!
အဲ့ဒီလိုမေးလိုက်ပြန်ရင်လည်း နန်းမိုင်သဲခေတ်က
သူ့ကို အမှန်တိုင်း ဖြေမှာလား။

ဒါမှမဟုတ် ဘယ်သူနဲ့ ရှိနေတာလဲကိုပါ
နန်းမိုင်သဲခေတ်က ပြောမှာလား။
ဟူး တွေးရင်းနဲ့ ထိဘွား ရင်မောလာရပြန်သည်။
နန်းမိုင်သဲခေတ်က သိပ်ဒုက္ခပေးတာပဲ။

မင်းထိဘွားဘက်က ခေါ်မခေါ်တော့မသိ....
ရန်ကုန်က စကော်ပီယံဘားမှာတော့
နန်းမိုင်သဲခေတ်နဲ့ ရမ်ညီတို့က အတော်မူးနေကြပြီ
ဖြစ်သည်။ သို့သော် သောက်လို့ကောင်းနေဆဲသာ။
သူတို့မှာ မမှောက်သေးတာ တစ်ခုသာရှိသည်။

" ငါ မမူးဘူးနော် ရမ်...
ငါ လုံးဝမမူးဘူးသိလား..? "

မှေးတေးတေး မျက်လုံးတွေနဲ့ ရမ်ညီကို
ပြောနေတဲ့ နန်းမိုင်သဲခေတ်ရဲ့ မျက်နှာတစ်ခုလုံးက
နီရဲနေသလို ချစ်စရာလည်း သိပ်ကောင်းသည်။

ထို့အတူ ရမ်ကပါ နန်းမိုင်သဲခေတ်လို မှေးစင်းစင်း
မျက်လုံးတွေ ဖြစ်နေခဲ့ကာ.....

" အင်း ငါ...ငါ သိတယ်။
နင် မမူးဘူးဆိုတာ။ ငါလည်း မမူးဘူးနော်
နန်းမိုင်...ငါလည်း မမူးဘူးသိလား..? "

" ဟုတ်တယ် နင်ရောငါရော မမူးဘူး။
လာထပ်သောက်လိုက်ကြစို့။ "

" ဟင့်အင်း ခဏနားအုံးမယ်။ ဒီရင်ဘတ်ကြီးက
နာတယ် နန်းမိုင်ရဲ့။ စိုင်းကလေ ငါနဲ့
မပတ်သက်ချင်ဘူးတဲ့။ ငါနဲ့ အထင်လွဲခံရမှာ
ကြောက်တယ်တဲ့။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now