အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 10 ]

889 18 1
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 10 ]

" မင်း သတိရပြီလား နန်းမိုင်သဲခေတ်....!  "

မျက်လုံးဖွင့်ဖွင့်ချင်း နန်းမိုင် ဦးထိကို တွေ့လိုက်
ရ၍ အားအင်တစ်ချို့တော့ ရှိသွားရသည်။
သို့သော် နန်းမိုင်တို့ ရောက်နေတဲ့ မှောင်တိမှောင်
မည်း အလင်းရောင်ကြောင့် နန်းမိုင်မနည်းကုန်း
ထလိုက်ရင်း.....

" နန်းမိုင်တို့ ဘယ်ရောက်နေတာလဲ ဦးထိ.. .? "

" အမည်မသိ ကျွန်းတစ်ခုကို ရောက်နေတာ။
ဘာကျွန်းလဲတော့ ငါ မသိဘူး။
ငါတို့ ကံဆိုးတယ်လို့ပဲ ပြောရမယ်။
ဒီကျွန်းက လူမနေကြဘူး။ "

" ဒါဆို နန်းမိုင်တို့ ဘယ်လိုလုပ်ကြမလဲ။
နန်းမိုင်တို့ လှေကရော... "

" မေ့နေတာလား။ လှေပေါက်သွားလို့
မင်းကို ဒီကျွန်းထိ ရောက်အောင် ငါ
ခေါ်လာပေးရတာ။ ခေါ်လာတော့လည်း
မင်း ဖျားနေလို့ ငါမှာ မီးပုံရအောင်
ဖို့ထားရတယ်။ အခုထိ တစ်ရေးမှ မအိပ်ရသေးဘူး။
မင်း ကင်းစောင့်လိုက်တော့ နန်းမိုင်သဲခေတ်
ငါ အိပ်ချင်ပြီ။ "

ချက်ချင်းဆိုသလို ဘေးနားက အုန်းရွက်တွေပေါ်
ဦးထိက အိပ်ဖို့ လုပ်သွားခဲ့ပေမဲ့ နန်းမိုင်မှာတော့
ဦးထိကို ကြည့်လိုက် ဦးထိ ဖို့ထားတဲ့
မီးပုံကို ကြည့်လိုက်နဲ့ပေ။

နန်းမိုင် တစ်ကိုယ်လုံးက ညောင်းကိုက်
နေပေမဲ့ အနားမှာ အိပ်ပျော်နေသော
ဦးထိကို ကြည့်နေရတော့ ညောင်းတာတွေက
လျော့ပါးသွားသလိုပင်။

ဦးထိက အားဆေးလေးလားပင်။
ဒီကျွန်းကို နန်းမိုင် တစ်ယောက်တည်း
ရောက်လာမိရင် ကြောက်မိမှာမှန်​​ပေမဲ့ အခု
ဦးထိ ပါတဲ့အတွက် နန်းမိုင် မကြောက်တော့ပေ။

ဘယ်လောက်ကြာကြာ နန်းမိုင် နေရဲသည်။
ဦးထိသာ ရှိမယ်ဆိုရင်....။

-
-
-
-
-
-
-
-

" ကျတော်တို့ ဘယ်လိုလုပ်ကြမလဲ စိုင်း...
မနေ့ညကတည်းက ဦးမင်းထိဘွား နဲ့
နန်းမိုင် ပျောက်သွားတာ။ အခု
မနက်လင်းလို့ နေ့လယ်တောင် ရောက်တော့မယ်။
ကျတော်တို့ ဘာလုပ်ကြမလဲ။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now