အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 37 ]

1.2K 34 2
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 37  ]

" ကျတော် ဘာလုပ်မိလို့လဲ စိုင်း...! "

" မင်း ဘာမှမလုပ်ပါဘူး ရမ်....
ငါတို့ ဒီတိုင်းပဲ တစ်ယောက်နဲ့ တစ်ယောက်
မတွေ့ဘဲနေလိုက်ကြရအောင်။ "

" ဒါပေမဲ့ ကျတော် မနေနိုင်ဘူး စိုင်း
ကျတော် စိုင်းနဲ့ အတူရှိချင်တယ်။ "

" မင်း ပြောတဲ့ အဓိပ္ပာယ်ဘယ်ကို
ရောက်သွားလဲဆိုတာ သိလား..?
ကိုယ် ရှင်းရှင်းပဲပြောမယ်။
မင်းနဲ့ တွဲသွားတွဲလာလုပ်လွန်းလို့
တစ်ချို့တွေက ကိုယ့်ကို တစ်မျိုးကြီး
ထင်လာကြတယ် ရမ် ..ကိုယ် အထင်မခံနိုင်ဘူး။
မင်းက မိန်းကလေးဆိုရင်တော့ ကိုယ် အထင်ခံနိုင်တယ်။
အခု မင်းက ယောင်္ကျားလေးဆိုတော့
ယောင်္ကျားလေးတစ်ယောက်နဲ့ သတင်းထွက်မှာကို
ကိုယ် မလိုချင်ဘူး။ ကိုယ် ယောင်္ကျားလေးတွေကို
မကြိုက်ဘူးဆိုတာ မင်း သိပါတယ် ရမ် ..."

ဖွင့်တောင် မပြောရသေးတဲ့ ရမ်အဖြစ်က
စိုင်းရဲ့ စကားတွေအောက်မှာ ကျရှူံးနေပြီးသားပါ။

" အဲ့တာကြောင့် ကိုယ်တို့ တွေ့ခဲ့ရင်လည်း မတွေ့သလို
နေလိုက်ကြရအောင် ရမ် ...."

ပြောပြီး ထွက်သွားခဲ့သော စိုင်းရဲ့ကျောပြင်လေးက
ရမ် မျက်လုံးထဲမှာ တဖြည်းဖြည်းချင်း
ပျောက်ကွယ်သွားခဲ့ပေမဲ့ ထိုပုံရိပ်လေးကို
သူအလွတ်မှတ်ထားမိသည်။ ဒီနေ့ကစပြီး
စိုင်းကို မြင်ရမှာမဟုတ်တော့ဘူးလေ။

****************************

" ပျော်ခဲ့ရဲ့လား ဒယ်ဒီ သမီးလေး..."

" အရမ်းပျော်ခဲ့ပါတယ် ဒယ်ဒီရဲ့။ "

" သမီး ဆံပင်‌တွေ ညှပ်ထားတာပဲ။ "

" မလိုက်ဖူးလား ဒယ်ဒီ...."

" လိုက်တာပေါ့။  ဒယ်ဒီသမီးက အကုန်လိုက်ပြီးသား။
ဒါနဲ့ ထိဘွားရော သမီး..."

" ဟိုမှာ လုပ်ငန်းတစ်ခုလေး ရှိလို့ ကျန်နေခဲ့တယ် ဒယ်ဒီ..
နေပါအုံး အဲ့တာက အရေးမကြီးပါဘူး။
နန်းမိုင် ဒယ်ဒီကို စပရိုက်တိုက်အုံးမယ်။
ဒယ်ဒီ မျက်လုံးမှိတ်ထားနော်။ ကိုကိုရေ...
ကိုကို ထွက်လာလို့ရပြီ။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now