အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 29 ]

969 32 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 29 ]

" ဒီနားလေး လာဆော့ ထိဘွား...!
ဒီနားလေးက မိုက်တယ်ဟ။ "

ဦးထိအား ပင်လယ်ထဲ လာဖို့ ခေါ်နေတဲ့
မဖြူစင် ကို နန်းမိုင် ကြည့်လည်းကြည့်မိသလို
အနားက ဦးထိကိုလည်း ကြည့်လိုက်တော့
နန်းမိုင် ကို ကြည့်နေလေသည်။

" ဦးထိရဲ့ ချစ်ချစ်ကြီး ခေါ်နေပြီ။ သွားဆော့
လိုက်ပါအုံး ဦးထိ "

ထိုတစ်ခွန်းသာ ပြောပြီး သောင်ပြင်ဘက်
နန်းမိုင် ထွက်လာခဲ့လိုက်သည်။

" မင်းသူ ကြည့်စမ်း
လှတယ်ဟ ဟိုကောင်မလေးက... "

" အေးဟာ ကောက်ကြောင်းက ရှယ်ပဲ။ "

သောင်ပြင်ဘက် ထွက်သွားသော နန်းမိုင်သဲခေတ် ကို
ထိဘွား ငေးကြည့်နေတုန်း ကြားလိုက်ရသော
အသံတွေနဲ့အတူ နန်းမိုင်သဲခေတ် ကို
ငေးနေကြသော မျက်လုံးတွေကြောင့်
လက်သီးကို တင်းတင်းဆုပ်ထားမိသွားသည်။

" ထိဘွား..! လာဟ။
ငါနဲ့ တူတူ ဆော့ရအောင်။ "

" ခဏလေး ဖြူစင်... ငါ ပြန်လာခဲ့မယ်။
အရေးပေါ် လုပ်စရာလေး ပေါ်လာလို့။ "

ပင်လယ်ထဲက ဖြူစင် ကို မင်းထိဘွား
အော်ပြောလိုက်ကာ သူရဲ့ ခြေလှမ်းတွေကလည်း
သောင်ပြင် တစ်လျှောက်ကို သွားနေသော
နန်းမိုင်သဲခေတ်ရဲ့ နောက်ကို လိုက်ပြီးသားပေ။

လမ်းတစ်လျှောက်က နန်းမိုင်သဲခေတ်ကို
လှတယ်ဆိုပြီး တဖွဖွပြောကာ ကြည့်နေကြတဲ့
ကောင်လေးတွေအားလုံးကိုလည်း
အလိုမကျစွာနဲ့ မင်းထိဘွား ပြန်ကြည့်လိုက်ဖို့
တစ်ချက်ကလေးမှ မမေ့ခဲ့။

" နန်းမိုင်သဲခေတ်....!! "

အော်ခေါ်သံနဲ့အတူ နန်းမိုင်ရဲ့ လက်လေးကို
ဆွဲယူလာခဲ့တဲ့ ဦးထိ...!!

" ငြိမ်ငြိမ်လေးနေ။ မလှုပ်နဲ့ နန်းမိုင်သဲခေတ်...! "

နန်းမိုင် ကြောင်အနေတုန်းမှာပဲ
သူရဲ့ လက်ရှည်ကို ချွတ်ကာ
နန်းမိုင် တစ်ကိုယ်လုံးကို ရအောင်ပတ်
ပေးလာခဲ့တဲ့ ဦးထိ။

" ဒါဘာလုပ်တာလဲ ဦးထိ..? "

" အမြင်မသင့်ဘူးလေ။ ဒါကြောင့်
ငါ ပတ်ပေးလိုက်တာ။ ဘာလဲ ကျေးဇူးတင်တယ်
ပြောမလို့လား။ ဒါဆို မလိုဘူး။
လူသားချင်း စာနာလို့ ငါ ကူညီပေးလိုက်တာ။
ကျေးဇူးတင်စရာမလိုဘူး နန်းမိုင်သဲခေတ် "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now