အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 57 ]

648 13 0
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 57  ]

" အန်တီနန်း ထမင်းစားလေ။ "

" အန်တီ မစားချင်သေးဘူး။ မင်း သိမ်းထားတဲ့
အန်တီဖုန်းကို ခဏလောက်ပြန်ပေးလို့ရမလား။ "

" အန်တီနန်းက ဘာလုပ်မလို့လဲ။ "

" အန်တီ  သမီးဖြူစင်နဲ့ စကားပြောချင်လို့ပါ။ "

" ကျတော့်ဖုန်းနဲ့ ပြောလေ။ မဟုတ်လည်း
မဖြူက ကျတော့်ဆီ ဆက်နေတာပဲလေ။ "

နန်းမိုင်သဲခေတ်ဆီ ဆက်သွယ်ရဖို့အရေးက
ဒေါ်နန်းအိမ်ခင်အတွက် သိပ်ကို ခက်ခဲလွန်းအား
ကြီးနေသည်။ ဒါပေမဲ့ သူမ လက်လျှော့မှာ
မဟုတ်ဘူး။ ဒါမှသာ နန်းမိုင်သဲခေတ်ကို
သူမ ကယ်နိုင်မှာ။

" မင်း မပေးချင်ရင်လည်း ထားလိုက်ပါတော့။
အန်တီကို အပြင်လိုက်ပို့ပေး။
အန်တီ ဝယ်စရာလေး ရှိနေလို့။ "

" ဟုတ် အန်တီနန်း...အရင်ဆုံးတော့ ထမင်းစား
ပေးပါအုံး။ ပြီးရင် အန်တီနန်းကို ကျတော်
လိုက်ပို့ပေးမယ်။ "

အပြင်သွားဖို့အတွက်ကိုသာ သူမ အသုံးချပြီး
နန်းမိုင်သဲခေတ်နဲ့ တွေ့အောင်လုပ်ရမည်။

အပြင်တစ်ခါထွက်ရဖို့အရေးက လွယ်ကူပေမဲ့
အစောင့်တွေပါနေတဲ့အတွက် သွားတွေ့ရဖို့
အရေးကတော့ သူမအတွက် သိပ်ကို ခဲယဉ်းသည်။

******************************

" ထိဘွား... ဒီဖိုင်လေးတွေ စစ်ပေးအုံး "

" အေး ထားခဲ့လိုက်။ ငါ စစ်ထားလိုက်မယ်။
ဒါနဲ့ မိုင်မိုင် ဘာလုပ်နေတာလဲ စိုင်းနောင်... "

" တစ်ရုံးလုံးက ကောင်မလေးတွေက
သူတို့မှာ ပါလာတဲ့ ထမင်းချိုင့်တွေကို
ညီမလေးကို ကျွေးနေကြတယ်။ အဲ့တာ
ညီမလေးက တစ်ချိုင့်ပြီးတစ်ချိုင့် လိုက်မြည်းနေတာ။ "

စိုင်းနောင် ပြောတာကို နားထောင်ပြီး ထိဘွားရဲ့
နှုတ်ခမ်းတစ်စုံက အပေါ်ကို မြှောက်တက်
သွားတော့သည်။

"ငါ့ မိုင်မိုင်ကတော့ ဖက်တီးလေး ဖြစ်တော့မှာပဲ။
ကြည့်ရတာ အထဲက ကောင်ပေါက်လေးက
တအားစားနိုင်တာ ထင်တယ်။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now