အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 46 ]

928 45 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 46  ]

" ခလွမ်း...!!! "

" ခလွမ်း....!!! "

ဖုန်းပြောပြီး ပစ္စည်းတွေ ပစ်ပေါက်နေတဲ့ သမီးဖြူစင်
ကြောင့် ဒေါ်နန်းအိမ်ခင် ဘာလုပ်ပေးရမှန်းမသိဘဲ
ဖြစ်နေလေသည်။

" နန်းမိုင်သဲခေတ်...! နင် သေရမှာ။
သေရမှာသိရဲ့လား။ "

" ခလွမ်း...!! "

" ခလွမ်း...!!! "

" တော်ပါတော့ သမီးရဲ့။ သမီး လက်တွေပါ
ပေါက်ကုန်လိမ့်မယ်။ "

" ဖြူစင် အရမ်းနာတယ် မာမီ သိရဲ့လား။
လုပ်လိုက်တဲ့ အစီအစဉ်တိုင်းက အောင်မြင်ပေမဲ့
ထိဘွားက နန်းမိုင်သဲခေတ်ကို ခံစားချက်ရှိနေတော့
ဘယ်လိုမှ သူက အဆိုးမမြင်ဘူး။
အခုတောင် နန်းမိုင်သဲခေတ်ကို မိုင်မိုင်လို့
ခေါ်နေပြီ မာမီရဲ့။ ဖြူစင်တို့ ဘယ်လိုလုပ်ကြမလဲ။
ထိဘွားက ဖြူစင် အပိုင်နော်။ ထိဘွားကို
မရရင် ဖြူစင် ရူးမှာ မာမီရဲ့။ "

" အေးပါ။ မာမီ သိပါတယ်။ မနေ့က သားထိဘွားကို
မြင်လို့ ခေတ်လူတို့ကို ပြဿနာသွားရှာချင်
ယောင် မာမီ ဆောင်ခဲ့တာ။
အဲ့နေ့တုန်းက မာမီ လုပ်တာလည်း အောင်မြင်ခဲ့တယ်။
ခေတ်လူက မာမီ နဲ့ ပတ်သက်ပြီး တအားကို
မုန်းနေခဲ့‌တော့ သူ ဘယ်သူ့ကိုမှ
အသိမပေးစေချင်ခဲ့တာက မာမီအတွက် အဲ့တာက
အခွင့်အရေးပဲ။ ဒါပေမဲ့ သားထိဘွားက
မာမီ ဘာလုပ်လုပ် နန်းမိုင်သဲခေတ်ကို အပြစ်
မမြင်နိုင်ဘူး။ ဒီတော့ သမီး ပြောသလို
သားထိဘွားက နန်းမိုင်သဲခေတ်ကို ခံစားချက်
ရှိနေတော့ မာမီတို့ လုပ်သမျှက အလကားပဲ။
မာမီလည်း ဘာလုပ်ပေးရမှန်း မသိတော့ပါဘူး။ "

" မာမီပဲ ပြောတယ်လေ။ နန်းမိုင်သဲခေတ်ရဲ့
အားနည်းချက်က သူ့ အဖေ‌ဆို။ ဒီတော့
ဖြူစင်နဲ့ မာမီ ဦးခေတ်လူကို တစ်ခုခုလုပ်ကြရအောင်။
ဒါမှ ဒီကောင်မ အရှိူက်ထိမှာ။ "

" မဖြစ်သေးပါဘူး သမီးရယ်။ တရားဥပဒေတွေလည်း
ရှိသေးတယ်လေ။ မတော်လို့ မာမီတို့ ထောင်ကျသွား
ရင် ဘယ်လိုလုပ်ကြမလဲ။ "

" မသိအောင် လုပ်ကြံမှာပေါ့။ ဘာလဲ မာမီက
မာမီ ယောင်္ကျားနဲ့ သမီးကို ချစ်နေတာလား။
ဖြူစင်ကို မချစ်တော့ဘူးပေါ့။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now