အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 40 ]

1.2K 49 4
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 40  ]

အမှန်တရားကို သိသွားလို့ စိတ်ပူပြီး ပြောပေးလာတဲ့
ကိုစိုင်းရဲ့ အားပေးစကားတွေကိုလည်း နန်းမိုင်
ပန်းခြံမှာ တဝနားထောင်လိုက်ရသလို
ရမ်နဲ့ ကိုကိုကပါ နန်းမိုင်ကို ထပ်တူအားပေးလာကြသည်။

နာကျင်မှုတွေနဲ့ နေသွားကျပြီဖြစ်တဲ့ နန်းမိုင်ရဲ့
ဘဝကတော့ အေးအေးဆေးဆေးရယ်သာ။

****************************

" ဟော မေကြူ သမီးလေးက တစ်ယောက်တည်း
ပြန်လာတာလား။သားကရော။ "

" ဦးထိက အလုပ်တွေလုပ်ဖို့ဆိုလားပဲ မေကြူ
အဲ့ဒီမှာ ကျန်နေခဲ့တယ်။ "

" ဒီသားတစ်ယောက်နဲ့တော့ မေကြူ ဘာမှမပြောချင်
တော့ပါလား။ ဟန်နီးမွန်းသွားနေတာတောင်
တော်တော် အလုပ်ကြိုးစားနေပါလား။
သမီးကို ဂရုစိုက်ရမယ်လေ။ "

‌နန်းမိုင်သဲခေတ်နဲ့ ပါလာတဲ့ ဝနဦးကိုလည်း ဒေါ်ကြူမိုး
က ကြည့်ကာနဲ့။

" ဦးထိက နန်းမိုင်ကို ဂရုစိုက်ပါတယ် မေကြူရဲ့...
ဒါနဲ့ မေကြူကို နန်းမိုင်ရဲ့ ကိုကိုနဲ့ မိတ်ဆက်ပေးရအုံးမယ်။
ဒါက နန်းမိုင် နဲ့ ငယ်ငယ်တုန်းက ခင်ခဲ့တဲ့ ကိုကိုလေ...
နန်းမိုင်ကို သူရဲ့ ညီမလေး တစ်ယောက်လို
ချစ်ပေးတာ။ ဒယ်ဒီကလည်း ကိုကို့ကို
သူရဲ့ သားအရင်းလေးလို ဆက်ဆံပေးတာ
မေကြူရဲ့။ "

" တွေ့ရတာ ဝမ်းသာပါတယ် သားဝနဦး...."

" ဟုတ် အန်တီကြူမိုး တွေ့ရတာဝမ်းသာပါတယ်။ "

မေကြူက ပြန်လည်နှုတ်ဆက်နေပေမဲ့ ကိုကို့ကို
အကဲခတ်လို့နေ၏ ။ဒီလောက်ကတော့
နန်းမိုင် နားလည်ပါတယ်။ နန်းမိုင်ကို
မေကြူက သမီးလေး တစ်ယောက်လို ချစ်ပေးတော့
နန်းမိုင် အတွက် စိုးရိမ်ပူပန်မှုတွေက အပြည့်ပဲလေ။
ဒီတော့ နန်းမိုင်လည်း မေကြူကို ကိုကိုနဲ့
ရင်းနှီးသွားအောင်လုပ်ပြပေးရမည်။ နန်းမိုင် အိမ်မှာလည်း
ရမ်က ရောက်နေတာဆိုတော့ နန်းမိုင်တို့အားလုံးက
သူစိမ်းတွေဆိုပေမဲ့ သွေးရင်းတွေလိုချစ်ကြောင်း
မေကြူ သိအောင် နန်းမိုင် လုပ်ပေးမည်။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now