အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 33 ]

1.2K 36 5
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 33  ]

" နန်း......"

" ကိုကို လာပြီပဲ။ လာ နန်းမိုင်တို့ အတူတူ
သွားစားရအောင်။ "

နန်းမိုင်သဲခေတ်လို့ ခေါ်ဖို့ ပြင်နေတဲ့ ထိဘွားရဲ့
ပါးစပ်က  ဝနနဲ့ အတူပါသွားသော နန်းမိုင်သဲခေတ်
ကြောင့် တိတ်ဆိတ်သွားရသည်။
မနေ့ညက ပြောခဲ့အတိုင်း နန်းမိုင်သဲခေတ်က
သူ့ကို ထုတ်ပစ်ဖို့ ကြိုးစားနေတာလား။

_
_
_
_
_
_
_

" စားလေ ထိဘွားရဲ့.... ဘာတွေ ငေးနေတာလဲ။ "

" အင်း ဖြူစင်..."

" သားထိဘွား... သားမိန်းမနဲ့ သွားမစားဘူးလား။
လေးလေးတို့နဲ့ လာစားတာ အဆင်ပြေပါ့မလား။ "

" ဖြစ်ပါတယ် ဒယ်ဒီကလည်း။ ညီမလေးနန်းမိုင်က
သူ့ ကိုကိုနဲ့ နေနေရရင် ထိဘွားကို ကြက်ပျောက်
ငှက်ပျောက်ကို မေ့နေတာ။ "

"  သမီး...စကားပြောတာ ကြည့်ပြောလေ။
ဒယ်ဒီ အဲ့ဒီလို မကြိုက်ဘူးနော်။ "

" ကိုမိုးကလည်း သမီးလေးကို။
ကျမ သမီးလေးက ဒီတိုင်း ပြောလိုက်တာနေမှာပါ။ "

" ဟုတ်ပါ့ မာမီတောင် သိသေးတယ်။
ဒယ်ဒီက ဘာလို့ ဖြူစင်ကို နားမလည်ရတာလဲ။
ထမင်းတောင် ဖြူစင် မစားချင်တော့ဘူး။ "

ပြောလည်းပြော ဖြူစင်ချိုက ထသွားခဲ့တော့
ဒေါ်နန်းအိမ်ခင်ရဲ့ မျက်နှာက မကောင်းတော့ပေ။

" သမီးဖြူစင် စိတ်ဆိုးသွားပြီ ကိုမိုး..."

" ထားလိုက်တော့ နန်း...ပြီးကျရင် သူ့ဟာသူ
စိတ်ဆိုးပြေသွားလိမ့်မယ်။ "

" မဖြစ်ပါဘူး။ သမီးဖြူစင်က နန်း ချော့မှ
အဆင်ပြေမှာ။ ကိုမိုး မချော့မှတော့။ "

ဒေါ်နန်းအိမ်ခင်ကပါ ထသွားခဲ့တော့ ဝိုင်းမှာ
မင်းထိဘွားနဲ့ ဦးမိုးထက်တို့ နှစ်‌ယောက်တည်းသာ။

" ကျတော်ကြောင့် အကုန်လုံးထသွားကြပြီ
ကျတော် တောင်းပန်ပါတယ် လေးလေး..."

" မဟုတ်တာ လေးလေးကသာ တောင်းပန်ရမှာပါ။
သမီးဖြူစင်က သားထိဘွားတို့ လင်မယားနဲ့
ပတ်သက်ပြီး စကားပြောတာတွေ ဘောင်ကျော်
သွားမိရင် လေးလေး တောင်းပန်ပါတယ်။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now