∆∆∆
ကျန်း နှင့် ဆွေ့ အင်ပါယာတို့သည် ရန်သူများဖြစ်ကြသည်။ နှစ်ဖက်စလုံးသည် ဆယ်စုနှစ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ခဲ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် အသေအကြေတိုက်ခိုက်ရန်ကြိုးပမ်းကြသည်။
ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန်အတွက် ဆွေ့ အင်ပါယာသည် သွေးအေးသတ်နည်းများဖြင့် လူသိများသော အိမ်ရှေ့မင်းသား ဆွေ့ဟန် အား ကျန်းမြို့တော်ကို တိုက်ရိုက်တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။
ကျန်း အင်ပါယာသည် ကမ္ဘာတစ်ဝှမ်းတွင် သီလဂုဏ်သတင်းများ ပြန့်နှံ့ပြီး မရေမတွက်နိုင်သော ကျော်ကြားသော ပညာရှင်များကို မွေးထုတ်ပေးခဲ့သော သူတို့၏ အိမ်ရှေ့စံမင်းသား ကျန်းယွမ် ကို၊ ရန်သူ၏ နောက်ကျောကို လျှို့ဝှက်ဓါးနဲ့ထိုးရန်နဲ့ ရန်သူရဲ့ အကြံအစည်များကို စွက်ဖက်ရန်အတွက် စေလွှတ်ခဲ့ပြန်သည်။
နှစ်ဖက်စလုံးက သူတို့ရဲ့ ရလဒ်ကို အရမ်းသဘောကျကြခဲ့ကြတယ်။
သူတို့ ပြန်ဆုတ်ရမယ့်အချိန်ရောက်တဲ့အခါမှာတော့ အမှားယွင်းသေးသေးလေး ဖြစ်သွားခဲ့တာပေါ့။
ကျန်းယွမ် သည် တစ်ဖက်သူ၏လက်အောက်ငယ်သားများရဲ့ ကြံစည်မှုကို ခံခဲ့ရပြီး ချောက်ကမ်းပါးပေါ်မှ လှိမ့်ချကာ၊ သူ့လိုပဲဘဝတူ ၊သူ့လူများ၏ ကြံစည်မှုကိုခံခဲ့ရပါသော ဆွေ့ဟန် ထံမှကောက်ယူခံလိုက်ရတယ်။
နှစ်ယောက်သား အဆိပ်ကို ကုသဖို့အတွက်ရာ၊ ကိုယ်လက်နှီးနှောဖို့ အကြောင်းဖန်လာခဲ့သည်။
ထို့နောက်တွင် နှင်းကဲ့သို့ ဖြူဖွေးစွာ ရင်သပ်ရှုမောဖွယ်ကောင်းလှသော မျက်နှာကို ကြည့်ရင်း၊ ယောက်ျားမိန်းမနှင့် လိင်ဆက်ဆံခြင်းကို အမြဲငြင်းဆန်ခဲ့သော ဆွေ့ဟန် သည် သူ၏ရင်ခုန်သံကို ထိန်းချုပ်ရန် ခက်ခဲလာခဲ့သည်။
သူ အမှတ်တမဲ့ ကောက်ယူလိုက်မိတဲ့ ဒီအလှလေးကို၊သူ့အင်ပါယာမှာပဲ ကိုယ်လုပ်တော် အဖြစ် ပြုစုပျိုးထောင်ခဲ့တယ်။
အမှန်တော့ ကျန်းယွမ် ဟာ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်မိတဲ့အတွက် သူနဲ့အတူ လိုက်ပါကစားပြီး သတိမေ့သွားဟန်ဆောင်ခဲ့တာသာဖြစ်သည်။ ကိုယ်လုပ်တော်အဖြစ် ဆွေ့ဟန် အတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း ရန်သူ၏အချက်အလက်များကိုလဲ သူလျှိုလုပ်ခဲ့သေးသည်။