[UNI]
အနှစ်သက်ဆုံးကိုယ်လုပ်တော်လေး၏ နေ့စဉ်ဘဝ ၂
သူ့ချစ်သူလေး၏ နှုတ်ခမ်းများသည် အေးမြကာ ကြာပန်းရနံ့လေးဖြင့် နူးညံ့လှသည်။
ယခုအချိန်တွင် ရောစပ်နေသောဝိုင်အနံ့ တစ်စွန်းတစ်စက ထွက်ပေါ်လာသည်။
အသံမှာလည်း တိုးလျကာသိမ်မွေ့လှသည်။သူ ယခင်က တစ်ခါမျှ မကြားဖူးခဲ့သော ညှင်သာသောအရိပ်အယောင်လည်းပါဝင်နေခဲ့သည်။ ဒါကသူ့ကို အသနားခံနေသလိုပါပဲ။
ဆွေ့ဟန် ရဲ့ စိတ်တွေ ခဏတာ လွတ်ထွက်သွားခဲ့ပြီး အစောင့်တပ်သားပြောတာကိုတောင် မကြားလိုက်ပေ။ သူ ခဏလောက် အေးခဲသွားခဲ့ပြီး၊ ခေါင်းကို လှည့်ကာ သူ့ရဲ့ပခုံးပေါ်မှာ မိစ္စာလေးကဲ့သို့ခေါင်းတင်ကာ သူကျေနပ်စေရန်ကြိုးစားနေသော မြေခွေးပေါက်လေး ကို ကြည့်လိုက်သည်။
ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတော့တယ်။
သူ့ကိုယ်သူတွေးလိုက်မိသည်။ အကယ်၍ ခုနက သူသာဒီကောင်လေးကို မခြိမ်းခြောက်မိပါက ၊ ဤသို့ သူ့ချစ်သူလေး၏ ချစ်စရာကောင်းသောဘက်ခြမ်းကို မြင်ခွင့်ရမှာမဟုတ်လောက်ပေ။
သူက တမင်အေးစက်စွာပြောလိုက်သည်။
"ဒါ မင်းရဲ့ပထမဆုံးအပစ်မို့ ကုမင်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်လိုက်မယ်၊ နောက်တစ်ခါ မင်း ကုကို ဆယ်ခါလောက်နမ်းရင်တောင် ကု ညှာတာနေမှာမဟုတ်ဘူးနော် နားလည်လား""အင်း"
သူကကြောင်လေးတစ်ကောင်လို ညင်ညင်သာသာနဲ့ နာခံစွာ တုံ့ပြန်လာဆဲပင်။ဆွေ့ဟန် က နှုတ်ဆိတ်ကာ ပြုံးလိုက်ပြီး ကုတင်ပေါ်တွင် လူကို ညင်ညင်သာသာ ချပေးလိုက်သည်။
"ကုသွားစရာပေါ်လာလို့ အရင်သွားကြည့်လိုက်ဦးမယ်။ မင်း နန်းတော်ထဲမှာပဲနေပြီး အအေးပတ်အောင်လဲ လျှောက်လည်မနေနဲ့အုံး "ကျန်းယွမ်က ခေါင်းညိတ်လိုက်သည်။
ဆွေ့ဟန်က သူ့ရဲ့ဒီပုံစံလေးကို ကြည့်ရင်း မနေနိုင်တော့ပဲ သူ့ချစ်သူလေးရဲ့ မေးစေ့ချွန်ချွန်လေးကို ပင့်ကာ ညင်သာစွာ ပွတ်သပ်ပေးလိုက်မိသည်။