(အပိုင်း၁၁)

553 50 2
                                    

🎐 <UNI>

ကျန်းယွမ် နိုးလာသောအခါတွင် သူသည် စိုစွတ်နေသော ဂူထဲသို့ ရောက်နေခဲ့ပြီးဖြစ်သည်။

မြေပြင်သည် စိုစွတ်ပြီး အရွယ်အစား အမျိုးမျိုးရှိသော ဗွက်အိုင်ကြီးငယ်များဖြင့် ဖုံးလွှမ်းနေသော်လည်း လေထဲတွင် ရစ်သီနေသောထင်းမီး၏ရနံ့နှင့် နွေးထွေးမှုဖြင့် ပြည့်နေကာ သိပ်မအေးလှပေ။ သူအိပ်နေတဲ့နေရာမှာ မြက်ပင်နဲ့တူတဲ့ ပါးလွှာတဲ့ အခင်းအလွှာတစ်ခုတောင် ရှိနေသေးသည်။

ဒါဘယ်နေရာလဲ?

သူဘယ်လိုလုပ်ပြီး ဒီကိုရောက်လာခဲ့တာလဲ?

မေ့မြောမသွားခင်က မှတ်ဉာဏ်တွေက သူ့စိတ်ကို တစ်ခုပြီးတစ်ခု တိုးဝင်လာခဲ့တယ်။ ဆေး၏အာနိသင်ကြောင့်ဖြစ်မည် ၊ အခြေအနေကို တိတိကျကျ မမှတ်မိနိုင်တော့ပေ။

သူ့စိတ်က ထိုမူးယစ်ဆေးကြောင့် လုံးလုံးလျားလျား ပျံ့လွင့်သွားခဲ့ချိန်က တောင်ထိပ်ကိုတက်နေတုန်းပင်ရှိသေးသည်။ သူ မောပန်းနွမ်းနယ်နေပြီး မိုးဒဏ်ကိုမခံနိုင်တော့ပဲ ကျောက်နံရံအောက်ကို ပြိုလဲကျသွားခဲ့တယ်။ နောက်တော့ ...... မိုးက သည်းထန်စွာရွာနေပြီး အနက်ရောင် စစ်ဖိနပ်တစ်ရံက သူ့မျက်လုံးထဲကို ဝင်ရောက်လာခဲ့တယ်...။

စစ်ဖိနပ်တွေ...

ကျန်းယွမ် မျက်မှောင်ကြုံ့ကာ ဘေးပတ်လည်ကိုဝေ့ကြည့်လိုက်တယ်။ ဂူထဲတွင် မီးတောက်များဖြင့် လောင်ကျွမ်းနေသောထင်းမီးမှလွဲ၍ အခြားမည်သူမျှ မတွေ့ရပေ။

သို့သော် သူ့မှတ်ဉာဏ်ထဲတွင် ရွှံ့စွန်းထင်းနေသည့် အနက်ရောင်စစ်ဖိနပ်များက လက်တွေ့ဆန်လွန်းလှသည်။

ရွှေချည်ဖြင့် ကွပ်ထားသော ချီလင်*ပုံစံ အနားသတ်ကိုပင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ကျန်းယွမ် က သူ့ကိုယ်သူစိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး မသိစိတ်အရသူ့ခါးသူထိကာ သိမ်းထားခဲ့တဲ့ဓားကို ထုတ်ယူဖို့လုပ်လိုက်ချိန်မှာ မထင်မှတ်ထားစွာ ဘာကိုမှမထိမိခဲ့ပေ။မျက်လုံးကို ကျဉ်းမြောင်းမိလိုက်ရင်း ရုတ်တရက် ချီလင်ပုံစံဖော်ထားတဲ့ ရွှေခြိမ်းကြိုးဖြင့်အနားသတ်ထားခဲ့သော ထိုစစ်ဖိနပ်များကိုပြေးမြင်မိသွားခဲ့တယ်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now