🎐<UNI>ညလယ်ခေါင်လောက် တောင်ပေါ်မှာရုတ်တရက် မိုးကသဲကြီးမဲကြီးရွာချလာခဲ့တယ်။
ရထားလုံးသည် တောင်လမ်းအဖုအထစ်များအကြားမှ ရှေ့သို့ရွေ့လျားရန် ရုန်းကန်ရင်း ရထားလုံးအတွင်းဖက်မှာတော့ ရထားလုံးအပြင်ဖက်ကမိုးအေးအေးနှင့် ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။ ကျန်းယွမ်၏ ကိုယ်အတွင်းမှ အပူစီးဆင်းမှုမှာ ပို၍ပြင်းထန်လာပြီး ထိန်းမနိုင်သိမ်းမရအောင်တိုးလို့လာခဲ့သည်။
ကျန်းယွမ်တစ်ယောက် ထပ်ပြီးထိန်းချုပ်မှုလွတ်သွားကာ အကျီလက်စများကိုလက်ချောင်းများဖြင့် ဖိကိုင်ထားရင်း ချွေးစများထွက်လာခဲ့သည်။
အိမ်ရှေ့မင်းသားရဲ့ ကျောက်စိမ်းသရဖူနဲ့အတူ စည်းနှောင်ကာ လည်ပင်းပေါ်ဖြန့်ကျဲနေခဲ့သော ဆံနွယ်နက်နက်တို့မှာလဲ ချွေးများဖြင့်စိုရွှဲလို့နေပြီ။ ကျောက်စိမ်းကဲ့သို့ ဖြူဖျော့နေခဲ့သောအသားအရည်မှာလဲ ဖျော့တော့တော့ဖြင့် ဖြူလျော်နေလေပြီ။
ဤပုံရိပ်က တကယ့်ကို ရင်သပ်ရှုမောဖွယ်အလှတရားမျိုးဖြစ်သည်။
ဒီအလှတရားလေးက အမှောင်ထဲမှာဖြစ်တာကြောင့် ဘယ်သူမျှမမြင်နိုင်ခဲ့တာကတော့ နှမြောစရာပင်။
ကုန်းဆွန်းယန် ကဲ့သို့ သန်မာပြီး ကျွမ်းကျင်သော ကိုယ်ခံပညာရှင်အတွက်ပင် ရှည်လျားပြီး ကြမ်းတမ်းသော စီးနင်းမှုမှာ အနည်းငယ်ခက်ခဲလှပေသည်။ အားနည်းပြီး မကျန်းမမာဖြစ်နေသော ကျန်းယွမ်ဆို ပြောမနေပါနဲ့တော့ ၊ သူ့အရိုးများ ကျိုးလုနီးပါး ခံစားနေရသည်။
ထို့ကြောင့် ကျန်းယွမ် အကျီလက်ကို ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကွေးညွှတ်ထားသည်ကို မြင်သောအခါ ၊ ဖန်ကျိုးမှာ အခြားဘာမှ မတွေးတောနိုင်တော့ပဲ ဤတောင်လမ်းကို အမြန်ဖြတ်သန်းပြီး ချောမွေ့သောလမ်းဆီသို့ အမြန်ရောက်ရန်သာ မျှော်လင့်နေခဲ့မိသည်။
ကံကောင်းထောက်မစွာ ၊ လမ်းသွယ်များကျော်ဖြတ်အပြီးမှာတော့ ခရီးကချောမွေ့လို့လာခဲ့သည်။အန္တရာယ်နှင့် အတားအဆီးများ ထပ်မကြုံရတော့ပေ။