[UNI]
ချန်တိုင်းပြည်ကို ကာကွယ်ရန် အထက်တန်းစား တပ်ဖွဲ့တစ်ဖွဲ့ ချန်ထားခဲ့ပြီးနောက် ဆွေ့ဟန်သည် မွန်းလွဲပိုင်းတွင် ဆွေ့မြို့တော်သို့ ပြန်လည်ထွက်ခွာရန် အမိန့်ပေးခဲ့သည်။
သိမ်းပိုက်နိုင်ခဲ့သောမြို့အပြင် ဤခရီးစဉ်၏ အကြီးမားဆုံးအမြတ်မှာ သူ၏ မမျှော်လင့်ဘဲ ကောက်ယူရရှိခဲ့သော ချစ်သူငယ်လေးဖြစ်သည်။ ကျန်းယွမ်က စာဖတ်ခြင်းကို နှစ်သက်ကြောင်း သိရသဖြင့် ဆွေ့ဟန်သည် ချန်နန်းတော်ရှိ စာကြည့်တိုက်မှ စာအုပ်စင်နှစ်စင်မျှရှိသော စာအုပ်များကို တစ်ယောက်ယောက်အား ရှာဖွေခိုင်းခဲ့လိုက်ပြီး ၎င်းတို့အားလုံးကို ချန်တိုင်းပြည် ကော်ကျိုးမှ ပေးအပ်ထားသော ဇိမ်ခံရထားထဲသို့ ထည့်ထားလိုက်သည်။
ကျန်းယွမ်သည် ထိုများပြားလှသောစာအုပ်တောင်တန်းကြီးကို ကြည့်ပြီး ဘာပြောရမှန်း မသိဖြစ်သွားခဲ့သည်။ သူက ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ရွေးစစ်လိုက်ပြီး သူမြင်ဖူးဖတ်ဖူးခဲ့သမျှ စာအုပ်များနဲ့ စိတ်မဝင်စားသော စာအုပ်များကို ချန်နန်းတော်၏ နန်းတော်စောင့်များထံပြန်လည် ပေးအပ်ခဲ့လိုက်သည်။
ဒီခေတ်၌ စာအုပ်များက အဖိုးတန်သောကြောင့် ၎င်းတို့ကို မဖြုန်းတီးလိုပေ။
နန်းတော်စောင့်က ကြီးမားသောစိုးရွံ့ထိတ်လန့်မှုများဖြင့် ပြန်လက်ခံခဲ့လိုက်တယ်။
ထိုအချိန်တွင် အစောင့်တစ်ဦးက ရုတ်တရက် ဖြတ်သွားခဲ့သည်။ထိုသူက ဆံပင်နှင့် အဝတ်အစားများ စုတ်ပြတ်နေသော အမျိုးသမီးတစ်ဦးကို သံကြိုးများဖြင့် ဆွဲခေါ်လာပြီး သူမကို ပြစ်တင်ကြိမ်းမောင်းကာ ကြိမ်လုံးဖြင့် အကြိမ်ကြိမ်ဒဏ်ပေးရိုက်နှက်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းယွမ်က ထိုအမျိုးသမီးအား အနည်းငယ်ရင်းနှီးသည်ဟု ခံစားမိသဖြင့် နန်းတော်စောင့်အား မေးလိုက်သည်။
"အဲ့ဒါ ဘယ်သူလဲ"
နန်းတော်အစောင့်က သက်ပြင်းချလိုက်ပြီး ပြောလာခဲ့သည်။
"အဲဒါက ကျွန်တော်တို့ရဲ့ ဧကရီဟောင်းလေ။ အခု အလှလေးရှင်းက တာဝန်ယူတော့ ဧကရီဟောင်းကို ရာထူးကနေ ဖြုတ်ချပြီး နန်းတော်ထဲကို ကျွန်အဖြစ်ခေါ်သွားတာ"