(အပိုင်း၃)

502 58 0
                                    

🎐 <UNI>


လျိုဖန်ကျွန်းတစ်ယောက် မျက်နှာအရောင်အမျိုးမျိုးပြောင်းသွားခဲ့ရကာ ၊ သူ့ရဲ့ နှုတ်ခမ်းထောင့်ဟာလဲ တချက်တွန့်သွားခဲ့ရပြီး ၊ မလှုပ်မယှက်နဲ့သာ ရပ်နေမြဲဖြစ်သည်။

"ညီလေးလျို" အနက်ရောင် စာပေပညာရှင်ပုံစံဝတ်ရုံရှည်နှင့် ခါးတွင်ဓားရှည်ချိတ်ဆွဲထားသော ပုံရိပ်တစ်ခုသည် မျက်နှာပေါ်တွင် အပြုံးဖြင့် လျှောက်လာခဲ့သည်။ "ဒီမှာလေပြင်းနေတယ်၊ ​​နန်း‌ဆောင်မှာ လက်ဖက်ရည်နဲ့ အဆာပြေစားဖို့ နန်းတော်က ဧည့်ကြိုတွေကို အမိန့်ပေးထားတယ်
ညီလေး လျို ကျေးဇူးပြုပြီး အကိုနဲ့အရင် အနားယူဖို့လိုက်ခဲ့မလား?"

ဒီလူက ရုပ်ရည်ချောမောပြီး ကြည်လင်တဲ့ မျက်လုံးတွေနဲ့ သန့်စင်တဲ့ အသွင်အပြင်ရှိကာ ၊ လျိုဖန်ကျွန်း ဝေ့ယွမ် နှင့် ကျန်းယွမ် တို့နှင့်အတူ တောင်ပိုင်းရဲ့မင်းသားငယ်လေးပါးထဲမှ တစ်ဦးလဲဖြစ်သည်။ ချန်ချီသည် ချန် တိုင်းပြည်၏ ဒုတိယမင်းသားဖြစ်ပြီး သူ၏စာပေကြောင့် လူသိများပေသည်။

ချန်ချီမှာ အသက်သုံးဆယ်ဝန်းကျင်ရှိပြီဖြစ်ပြီး မင်းသားလေးပါးထဲတွင် အသက်အကြီးဆုံးလည်းဖြစ်သည်။ သူသည် ယခင်က လူမသိသူမသိပုဂ္ဂိုလ်တစ်ယောက်သာဖြစ်ခဲ့သော်လည်း ၊လွန်ခဲ့သောသုံးနှစ်ခန့်က လျိုရှန်းပွဲအခမ်းအနားတွင် ချီ နိုင်ငံအုပ်ချုပ်သူရဲ့ အလွန်အကျွံသုံးဖြုန်းမှုနဲ့ ညံ့ဖျင်းမှုကို ဝေဖန်သော သူ့ရဲ့ "ချင်းခွေ့ဖူ"စာပေ ကြောင့် နေရာအနှံ့မှ ပညာရှင်တို့စီမှ ချီးကျူးခြင်းကိုခံခဲ့ရကာ ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။

ချန်ချီ သည် စာပေနှင့်ပတ်သက်လျှင် သူ၏ ကြိုးစားအားထုတ်မှုနှင့် လုံ့လဝီရိယကြောင့်လည်း လူသိများသည်။

"ချင်းခွေ့ဖူ" ကိုရေးရန်အတွက် သူ လပေါင်းများစွာ တစ်ရက်လျှင် တစ်နာရီသာ အိပ်ခဲ့ရပြီး သူ၏ ဆောင်းပါးပါ စကားလုံးတိုင်းကို အကြိမ်တစ်ရာထက် မနည်း ဂရုတစိုက် စိစစ်ခဲ့ကာ အမှိုက်စာမူများချည်းပင်လျှင် နန်းဆောင်တစ်ဆောင်စာရှိသည်ဟု ပြောကြပေသည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now