[UNI]
〈အနှစ်သက်ဆုံး ကိုယ်လုပ်တော်လေး၏
နေ့စဉ်ဘဝ ၁〉ချန်နယ်မြေအတွင်း ရုတ်တရက် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများသည် ယန်ဇီမြစ်၏ တောင်နှင့် မြောက်ဘက်ရှိ နိုင်ငံများကို ထိတ်လန့်စေခဲ့သည်။
ကျန်းပေ့ရှိ နိုင်ငံများသည် ဆွေ့စစ်တပ်၏ သံတပ်သားများကို လက်နက်ချနှင့်ပြီးသားဖြစ်ကာ၊ တစ်ဖက်ပြည်ကအိမ်ရှေ့မင်းသားသည် ထိပ်တန်းသံတပ်သားတစ်စုနှင့်ပင် ကျန်းနန်ကို မည်သို့သိမ်းပိုက်ခဲ့သည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေမိကြသည်။
ကျန်းနန်နိုင်ငံများထဲတွင် ပထမဆုံး အထိနာခဲ့သည့် ချန်ပြည် မှလွဲ၍ ဝေ့, လျို, ကျန်း, နှင့် ယွမ် ပြည်တို့အပြင် အိမ်ရှေ့မင်းသားများ နှင့် အရေးပါသော အရာရှိများသည်လဲ ဆွေ့စစ်တပ်၏ လက်ထဲသို့ ကျရောက်ခဲ့ရသည်။
ဤနှစ်ရက်အတွင်း သူတို့သည် အလွန်ဒုက္ခခံနေကြရသည်။ အိပ်ရန် နှင့် စားရန်ပင် ခက်ခဲနေကြပြီး ၊အားလုံးသည် ဘက်ပြောင်းလုနီးပါး အခြေအနေတွင် ရှိနေကြသည်။ ထို့ကြောင့် အထိခိုက်ဆုံးနိုင်ငံမှာ အချုပ်အခြာအာဏာပိုင် ကျန်းအင်ပါယာသာဖြစ်ပေတော့သည်။
အထူးသဖြင့် ကျန်းအင်ပါယာ၏ အိမ်ရှေ့မင်းသား ကျန်းယွမ် သည် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသေဆုံးသွားသည့်သတင်းကြောင့် နိုင်ငံများအနေဖြင့် ကျန်း အင်ပါယာသည် ဤအချိန်၌ အမှန်တကယ် အေးစက်သွားတော့မည်ကို တိတ်တဆိတ်လက်ခံခဲ့ကြသည် ။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၊ အိမ်ရှေ့စံမင်းသားသည် သူ၏ဂုဏ်သတင်းကို မှီခိုအားထားကာ မရေမတွက်နိုင်သော သစ္စာစောင့်သိမှုရှိ၍၊ ရဲရင့်မှုရှိသည့် ပညာရှိပုဂ္ဂိုလ်များကို ခေါ်ယူခဲ့ပြီး လျိုရှန်းပွဲတော် ကို ကျင်းပကာ ရွှေသစ်ခွမဟာမိတ်အဖွဲ့ကို တည်ထောင်ပြီး ကျန်းနန်ခြောက်နိုင်ငံကို နီးကပ်စွာ စည်းလုံးစေခဲ့သည်။
ဖျက်ဆီး၍မရသော မြို့ရိုးတည်ဆောက်ကာ ဆွေ့စစ်တပ်သည် တန်ပြန်တိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့သော်လည်း ဤမြို့တံတိုင်းအတွင်း အုပ်တစ်ချက်ကိုပင် ဖြိုခွဲနိုင်ခဲ့ခြင်းမရှိပေ။