[UNI]ကျန်းယွမ်ကထပြီး စားပွဲရှည်ရဲ့နောက်မှာနေရာယူလိုက်သည်။အဲ့ဒီနောက် ပေါ့ပါးစွာပဲ ခပ်ထူထူစာအုပ်တစ်အုပ်ကိုကောက်ယူပြီး ခေါင်းငုံ့ကာ စတင်လှန်လောဖတ်တော့တယ်။
ဆွေ့ဟန်က ထိုင်နေတဲ့ပုံစံကိုပြန်ပြင်လိုက်ရင်း လက်ဖက်ရည်လေးမော့ကာ ကျေနပ်စွာကြည့်နေမိသည်။ ဒူးပေါ်လက်တင်ရင်း စာအုပ်ပုံနားက လူသားလေးရဲ့ ကြော့ရှင်းတဲ့ မျက်ခုံးနဲ့မျက်လုံးတို့ရဲ့ အကွာအဝေးကိုတိတ်တဆိတ် တိုင်းတာနေမိသည်။
ကျန်းယွမ်က သိုးငယ်ကိုစိုက်ကြည့်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ပူလောင်ကာစူးရှတဲ့ ဆွေ့ဟန်ရဲ့ အကြည့်တွေကို လျင်မြန်စွာ သတိပြုမိလိုက်ကာ၊ သူ့ရဲ့ စူးရှတဲ့အကြည့်တွေကို ရှောင်ဖို့အတွက်ဘေးသို့အနဲငယ်ရွှေ့လိုက်သည်။
ဆွေ့ဟန်ရဲ့ အပြုံးဟာလဲ ပျောက်ကွယ်သွားရတော့တယ်။
သူတွေးလိုက်မိတယ် ၊ ဒါက ဒေါသထွက်ချင်စရာပဲ။
သူ့ကိုကြည့်ခွင့်တောင်မပေးဘူးပေါ့လေ?
မကြာခင်မှာပဲ ရထားလုံးဟာ အရှေ့က အဝတ်ဆိုင်နားမှာရပ်တန့်သွားခဲ့သည်။
ဖန်ချီကလဲ သူအကျင့်ပါနေသည့်အတိုင်းပဲ တံခါးကိုဆွဲဖွင့်ကာ လျှောက်တင်လိုက်သည်။ "အရှင်ရောက်ပါပြီ..."
သူစကားတောင်ပြီးအောင်မပြောနိုင်ခင်မှာပဲ ၊ အရှင့်စီက လက်ဖက်ရည်နဲ့ပက်တာကို ခံလိုက်ရတော့တယ်။
ထို့နောက် ဖန်ချီပြန်အသိဝင်လာခဲ့သည်။
ဆွေ့ဟန်က ဩရှတဲ့လေသံနဲ့အတူပြောလာခဲ့သည်။
"ဘယ်သူကမင်းကိုဝင်ခွင့်ပေးလိုက်လို့လဲ?"ဖန်ချီ : "..."
ဖန်ချီနားမလည်နိုင်တော့ပေ။ အရင်ကသူတို့ အရှင့်ရဲ့ရထားလုံးထဲကို ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ခဲ့ကြတာပဲ မဟုတ်ဘူးလား ? သူအထဲမှာထိုင်နေတဲ့ ကျန်းယွမ်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ဘာဖြစ်နေမှန်းနားလည်လိုက်တယ်။
ဖန်ချီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ ရထားလုံးကနေ ကြောက်ရွံ့စွာပြန်ဆင်းရင်း ၊ မျက်နှာပေါ်က လက်ဖက်ရည်တွေကိုသုတ်ကာ အပြင်ကနေပြန် လျှောက်တင်လိုက်သည်။
"အရှင် ရောက်ပါပြီ
ဆင်းလို့ရပါပြီ"