(အပိုင်း ၁၉)

346 49 1
                                    

[UNI]

" မလှုပ်ရဘူးလေနော် မပြုတ်ကျဖို့ သတိထားရမယ်” လို့တောင် ပြောလိုက်သေးသည်။

သစ်သားစွန်သည် နေဝင်ရီတရောအချိန်တွင် ချောက်ကမ်းပါးထိပ်စွန်း၌ချောမွေ့စွာဆင်းသက်လာခဲ့သည်။

ချောက်ကမ်းပါးစွန်းတွင် မီးတုတ်များကိုင်ဆောင်ထားသော ဆွေ့စစ်သားများဖြင့် ပြည့်ကျပ်နေသည်။

သစ်သားစွန်ဖြင့် ပျံသန်းမှု ခရီးတစ်ဝက်၌ ဆွေ့ဟန်သည် ရှုချောင်နှင့် တခြားသူတွေဖြင့် အောင်မြင်စွာ အဆက်အသွယ်ရခဲ့သည်။

ရှုချောင်၊ ဖန်ချီ၊ ချန်ချီနှင့် ချန်နိုင်ငံတော် သို့ မကြာသေးခင်ကရောက်ရှိလာခဲ့သော ယန်ချီ တို့သည် ချောက်ကမ်းပါးဘေးတွင် ရပ်စောင့်နေခဲ့ကြသည်။

ဖန်ချီသည် နီရဲသော မျက်လုံးများဖြင့် အရင်ရှေ့သို့ အလျင်စလို ပြေးလာပြီး ဒူးထောက်လာသူဖြစ်သည်။ သို့သော် ဆွေ့ဟန် အသံတိတ်အမူအရာတစ်ခုလုပ်ပြလာသည်ကို သူမြင်လိုက်ရပြီး မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကြည့်လိုက်သည်။

ထိုအခါမှသာ ဆွေ့ဟန်၏ပခုံးပေါ်တွင် ပိန်ပါးသောရုပ်သွင်တစ်ခု ရှိနေသည်ကို သူသတိပြုမိလိုက်သည်။ နောက်ကျောဘက်သာမြင်ရသည်ကြောင့် အစိမ်းရောင်ဝတ်ရုံ၊ချွေးစေများ၊ နှင်းကဲ့သို့ဖြူဖွေးသည့် လည်ပင်းနှင့် ကျောက်စိမ်းဆံထိုးဖြင့် ချည်နှောင်ထားသော အနက်ရောင်ဆံပင်များကိုသာ သူမြင်နေရသည်။

အရှင့်သားက ဒီလူကို ချောက်ကမ်းပါးအောက်ခြေကနေ ဘာလို့ ခေါ်ဆောင်လာခဲ့တာပါလိမ့်?

"ဒါက......?"

ဆွေ့ဟန်-"အဓိပ္ပာယ်မရှိတာတွေ မေးမနေနဲ့တော့ မင်းမှာ ရထားလုံးရှိလား မရှိဘူးလား ဒါပဲဖြေ"

"ဟုတ်..ဟုတ်ကဲ့ ရှိပါတယ် အရှင်!"

အဖြေမှာ လူအုပ်စွန်းတွင် ရပ်နေသော ချန်နိုင်ငံ၏ ကော်ကျိုး မှဖြစ်သည်။

သေချာတာပေါ့ ဆွေ့တို့အပေါ်သစ္စာရှိမှုကိုပြသဖို့အတွက် ချန်ဘုရင့်နိုင်ငံတော်က သက်ကြီးရွယ်အို ကော်ကျိုး ကလည်း ဆွေ့ဟန်ရဲ့တည်နေရာကို ရှာဖွေရာမှာကူညီဖို့ တောင်ပေါ်အစောင့်တွေကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်ပြီး လိုက်ပါလာခဲ့သည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now