🎐 <UNI>
ကျန်း အင်ပါယာမှ အရာရှိ သန့်ကုန်း သည် ရွှေ့နန်းဆောင် ထဲသို့ လတ်လတ်ဆတ်ဆတ်ဖျော်ထားသော လက်ဖက်ရည်အိုးကို ယူဆောင်လာခဲ့သည်။
အရှင့်သားသည် စာဖတ်ခြင်းကို အာရုံစိုက်နေသေးသည်ကို သူမြင်လိုက်ရကာ စားပွဲပေါ်ရှိ မုန့်များဟာလဲ အရင်အတိုင်းပင်ရှိနေသေးသည်။ ဒါပေမယ့် သူ့ဘေးနားက ဇီးသီးတစ်ပန်းကန်ကတော့ အပိုင်းအစအနည်းငယ် ပျောက်လို့နေတယ်။ သူက ချက်ချင်းပြုံးပြီးပြောလိုက်တယ် :
"အရှင်သဘောကျရင် ဒီအစေခံက ထပ်ယူလာ ပေးရမလား?"ကျန်းယွမ် က မလိုအပ်ကြောင်းပြန်ပြောလိုက်တယ်။
သန့်ကုန်းကသက်ပြင်းချလိုက်သည်။အရှင့်မှာ အစာအိမ်ရောဂါရှိပြီး သူ့စိတ်ဆန္ဒအတွက်ကန့်သတ် တားမြစ်ချက်များစွာလဲရှိသည်။* အရှင့်သားမှာ ကျန်း အင်ပါယာနန်းတော်ရှိ ရိုးရိုးယာဂုနှင့် အရံဟင်းအချို့ကိုသာ စားလေ့ရှိပြီး အသား၊ ဆီ၊ သို့မဟုတ် ထိုချိုမြိန်သောအရာများကို ထိတွေ့ခဲသည်။ ဒီနေ့ပွဲရဲ့ ဟင်းလျာအများစုကတော့ အသားတွေ အများကြီးပါဝင်တဲ့ ဟင်းပွဲတွေဖြစ်ပြီး၊ ဒီ ဂျူဂျူးကိတ်က အပေါ့ပါးဆုံးတစ်ခုသာဖြစ်သည်။
သူသည် အရသာပေါ့သော ဟင်းလျာများ ပြင်ဆင်ရန် ချန်ဘုရင်ရဲ့ဘဏ္ဍာစိုးကို ညွှန်ကြားရန် တွေးထားခဲ့သော်လည်း အရှင့်ရဲ့ တားမြစ်ခြင်းကို ခံခဲ့ရသည်။
ဖန်ကျိုးကလည်း ပြောလာတယ်။
"အရှင့်ရဲ့ အစားအသောက်အလေ့အထကို လက်အောက်ခံနိုင်ငံတွေဆီ လွယ်လွယ်နဲ့ပေးသိလို့မဖြစ်ဘူး။
မဟုတ်ရင် အဆင်မပြေတာတွေထပ်ဖြစ်လာနိုင်တယ်။"ဖန်ကျိုးဟာ သူ့ရဲ့ သစ္စာရှိမှုနဲ့ အကြံပေးရဲတဲ့သတ္တိကြောင့်ပဲ အရှင့်သားရဲ့ ယုံကြည်မှုကို ရရှိခဲ့ခြင်းဖြစ်တယ်။ သူက အရှင့်ရဲ့ စကားသို့မဟုတ် အကျင့်စရိုက်ကနေလဲ ချို့ယွင်းချက်မှန်သမျှကို မဆိုင်းမတွ ထောက်ပြဝံ့သည်။
ဤကဲ့သို့ အရှင့်သားအနေနဲ့ အကြံဉာဏ်တွေကို ပွင့်လင်းမြင်သာစွာ လက်ခံပေးခြင်းကြောင့်သာ မရေမတွက်နိုင်သော ကျော်ကြားသည့် ပညာရှင်တို့၏ သစ္စာစောင့်သိမှုနှင့် နောက်လိုက်မှုကို ရရှိခဲ့ပြီး သန့်ကုန်းမှာလဲ မလိုက်နာပဲမနေရဲပေ။