[UNI]
〈ချန် မြို့တော်မှနေ့စဉ်ဘဝ ၄〉
ကျန်းယွမ်သည် သဘာဝအတိုင်း အိပ်မပျော်ပေ။
သူ့ခန္ဓာကိုယ်ထဲက ဆေးအရှိန်က အလုံးစုံမပျောက်သေးတဲ့အတွက် တစ်နေ့လုံးလှဲနေပြီးနောက် အားနည်းသွားသလို ခံစားလိုက်ရသည်။ရုတ်တရက် တစ်ဖက်မှ လေးလံသော အရာဝတ္တုတစ်ခုက ဖိလာတဲ့အခါတွင် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်မိပြီးနောက်၊ ဆွေ့ဟန်ပြန်ရောက်နေမှန်းတွေ့လိုက်ရသည်။
"ကု မင်းကိုနိုးမိလိုက်တာလား?"
ဆွေ့ဟန်က မေးထောက်ရင်း ပြုံးပြီးမေးလာခဲ့သည်။ သူ့မျက်လုံးများက ညဘက်တွင် အထူးတောက်ပလို့နေခဲ့သည်။
ကျန်းယွမ် ခေါင်းခါပြလိုက်သည်။
သူ့အမူအယာကို ကြည့်လိုက်တော့ စိတ်ကောင်းဝင်နေပုံရတာကြောင့် ကျန်းယွမ်တွေးမိသွားခဲ့တယ်။ကုန်းဆွန်းယန် အသက်မရှိတော့တာများလား? ဒါမှမဟုတ် တခြားဘာဖြစ်နိုင်သေးလဲ?
အဲဒီနောက်လေသံအေးစက်စက်ဖြင့်ပြန်ဖြေလိုက်သည်။
"မဖြစ်ပါဘူး"ဆိုလိုတာက အိပ်တောင်မပျော်ခဲ့ဘူးဟုပင်။
ဆွေ့ဟန်၏ အပြုံးသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
"မင်း ကုပြန်လာတာကို အတိအကျစောင့်နေခဲ့တာလား?"ကျန်းယွမ် က သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို တိုက်ရိုက်မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။
"ငါ့ကို ဖြုတ်ပေးတော့""မဖြုတ်ပေးဘူးဆိုရင်ကော?
မင်းထွက်ပြေးသွားရင် မင်းလိုတော်တဲ့ကိုယ်လုပ်တော်လေးကို ကုဘယ်မှာသွားရှာရတော့မှာလဲ"ကျန်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။
"မပြေးဘူးလို့ငါကတိပေးတယ်"ဆွေ့ဟန် က ပြန်မဖြေဘဲ မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဘာလဲ၊ မင်းကဆုံးဖြတ်ပြီးပြီလား?"
ကျန်းယွမ်က သူ့ခံစားချက်တွေကို အမှန်ကန်ဆုံးဖော်ပြလာခဲ့တယ်။
"ငါထပ်ပြီး...သည်းမခံနိုင်တော့ဘူး"ဆွေ့ဟန် ငုံ့ကြည့်လိုက်တော့ ကျန်းယွမ်ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်၏ရွှေသံကွင်းဖြင့် ခတ်ထားခံရသောနေရာတွင် အနီရောင်အမှတ်အသားတစ်ခု ရိုက်နှိပ်ထားသလို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းယွမ်ကို သံကွင်းခတ်လိုက်တဲ့ချိန်တုန်းက သူ့ရဲ့နှလုံးဟာ တင်းကျပ်နေခဲ့တာကြောင့် ၊ အရွယ်အစားနဲ့အလေးချိန်ကို သေချာမချင့်ချိန်မိခဲ့ပဲ အခုမှအနည်းငယ် လေးလံနေမှန်း ချက်ချင်းသိလိုက်ရသည်။