[UNI]
ကုန်းဆွန်းယန်သည် နန်းတော်အခန်းတစ်ခန်းတွင် တစ်ယောက်တည်း ထိန်းသိမ်းခံထားခဲ့ရသည်။
ချန်နန်းတော်၏ အထက်ပိုင်းနှင့် အောက်ပိုင်း နှစ်ခုစလုံးသည် ဆွေ့စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ၊အပြင်ဘက်တွင် အလှည့်ကျ စောင့်ကြပ်နေသော ဆွေ့အစောင့်တပ်သားလေးဦးရှိပြီး အဓိကအားဖြင့် ထိုလူကို သတ်သေခြင်းမှ ကာကွယ်ရန်လဲဖြစ်သည်။
ချန်ပြည်၏ကော်ကျိုးသည် ဤသာမန် ဆွေ့ စစ်သားများအပါအဝင် ဆွေ့စစ်တပ်မှ လူမျိုးစုံကို နှစ်သက်စေရန် နေ့တိုင်းအလုပ်များနေခဲ့ရသည်။ထို့ကြောင့် သူသည် ဤဆွေ့စစ်သားများနှင့် အလွန်ရင်းနှီးလာခဲ့သည်။ သူက စကားကောင်းကောင်းလေး နည်းနည်းပြောပြီး ဝိုင်ကောင်းကောင်းလေး နှစ်ပုလင်းပေးလိုက်တာနဲ့ သူ လာလည်ဖို့ အခွင့်အရေးရသွားခဲ့သည်။
သူက ပူးပေါင်းရတာကိုစိတ်အားထက်သန်နေကာ ၊ ကျန်းယွမ် လမ်းတစ်ဝက်မှာ လှည့်ပြန်သွားမှာကို ကြောက်နေခဲ့သည်။ သူက ကျန်းယွမ်ကိုအခြားသူတွေ တွေ့မသွားစေရန်အတွက်လဲ ဝတ်ရုံရှည်တစ်ခု ပေးအပ်ခဲ့သေးသည်။
နိုးလာပြီးနောက်၊ ကုန်းဆွန်းယန်သည်အစားစားရန် ငြင်းဆန်ကာ အဆက်မပြတ် ကျိန်ဆဲနေခဲ့သည်။ သူ့ထံ ချဉ်းကပ်လာသူတိုင်းသည် ၎င်းတို့၏ဘိုးဘေးများနှင့် မျိုးဆက်ဆယ့်ရှစ်ဆက်၏ ဘိုးဘေးများအထိ ဆိုးရွားစွာ ကျိန်ဆဲခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
ခြေသံကိုကြားလိုက်ရတဲ့အခါ၊ ကုန်းဆွန်းယန်တစ်ယောက် အလိုလို ကျိန်ဆဲချင်လာခဲ့သည်။ သူမော့ကြည့်လိုက်တဲ့အချိန်မှာပဲ ချန်ပြည်ရဲ့ကော်ကျိုး နောက်ကွယ်ကနေ အစိမ်းရောင်ရုပ်ပုံတစ်ခုရပ်နေတာကို သူတွေ့လိုက်ရပြီး၊ ရုတ်တရက် လန့်ဖျပ်သွားခဲ့ကာ ကုတင်ပေါ်ကနေ လှိမ့်ဆင်းလုနီးပါးဖြစ်သွားခဲ့ရတယ်။
"ဒါက ကျန်းအင်ပါယာရဲ့ မသိနားမလည်တဲ့ အကြံပေးပုဂ္ဂိုလ်လား?"
ကျန်းယွမ်က အရင်ပြောလိုက်သည်။ချန်ပြည်၏ကော်ကျိုးက ခေါင်းညိတ်ပြပြီး နှာခေါင်းကို အုပ်လိုက်ကာ သနားကြင်နာတဲ့ အကြည့်နဲ့ပြောလာတယ်။
"ဟိုးအရင်တုန်းကပေါ့ ကျန်းအိမ်ရှေ့မင်းသားရဲ့ ဂုဏ်ထူးဆောင်ဝန်ကြီးဖြစ်ခဲ့တာ။ တန်ခိုးကြီးပြီး တောက်ပလွန်းခဲ့ပေမယ့်၊ အခု သူ့ကိုကြည့်ပါအုံး ညစ်ပတ်ပြီး လေလွင့်နေတဲ့ခွေးတစ်ကောင်လိုပါပဲ။ တကယ်သနားစရာပဲ"