[UNI]
ကျန်းယွမ် မျက်မှောင်ကြုံ့သွားခဲ့တယ်။
"ကျေးဇူးပြု၍ အိဒ္နြေထိန်းပါ"
ဆွေ့ဟန်က ကဲ့ရဲ့လိုက်ကာ လူကိုခပ်တင်းတင်းဆွဲလိုက်တယ်။
"မင်းကုကိုဘာထင်နေလဲ? လမ်းဘေးကဇရပ်လား?
လာချင်တိုင်းလာ ပြန်ချင်တိုင်းပြန်ရအောင်"ကျန်းယွမ် အနေနဲ့ သူ့ရှေ့ကလူနဲ့ ဘာကိစ္စနဲ့မှထပ်မပတ်သက်ချင်တော့တာကြောင့် စိတ်ရှည်ရှည်ထားကာ ကိုယ့်ကိုယ်ကိုပြန်တည်ငြိမ်စေလိုက်ရင်း ပြန်ဖြေလိုက်တယ်။
"ကောင်းပြီ။ မင်းငါ့ကိုကယ်တင်ပေးလို့ ငါပြန်ကျေးဇူးဆပ်ပါ့မယ်။ ရွှေလား ? ငွေလား ?ရတနာလား? မင်းလိုချင်သရွေ့ ငါပေးမယ်"ဆွေ့ဟန်ရဲ့လက်က သူ့လက်ဖဝါးအောက်ကကျောက်စိမ်းခါးပတ်ကို တွယ်ချိတ်ရင်း ၊ တစ်ဖက်လူရဲ့နှာရွတ်နားကို နှုတ်ခမ်းဖျားနဲ့ပွတ်တိုက်ကာ ပြောလာတယ်။
"ကု ရွှေလဲမလိုချင်ဘူး ငွေနဲ့ရတနာတွေလဲမလိုချင်ဘူး
မင်းကိုပဲ"ကျန်းယွမ် : "..."
ကျန်းယွမ်က သူ့ကိုအေးစက်စက်အကြည့်တစ်ချက်ပေးကာ တံတောင်နဲ့တွတ်ရင်း သူ့ပခုံးပေါ်ကနေခါထုတ်ပစ်လိုက်တယ်။
"ငါ့မင်းကိုစိတ်ရင်းနဲ့ပြောနေပေမယ့် မင်းအနေနဲ့အခုလိုဆက်ပြီး ပေါ့ပျက်ပျက်ပြုမူနေအုံးမယ်ဆိုရင်တော့၊ အဆင်မပြေဖြစ်မှုအတွက် အဆိုးမဆိုပါနဲ့"
ဆွေ့ဟန်က ကျစ်သက်ကာပြောလာတယ်။
"ဒါပေမယ့် မနေ့ညကမင်းအဲ့လိုပြောခဲ့တာမဟုတ်ဘူးလေ""မင်းပဲ ကုကိုဖက်ထားဖို့တောင်းဆိုခဲ့တာလေ။
ကုအဝတ်တွေပေါ်တွားသွားပြီး ကုပေါ်တွယ်တက်ခဲ့တာလေ။
ပြီးတော့ပြောသေးတယ် ကယ်တင်ပေးတဲ့အတွက်ကုရဲ့ ကြင်နာမှုကိုပြန်ဆပ်တဲ့အနေနဲ့ကုရဲ့ အိပ်ရာကို နွေးထွေးအောင်လုပ်ပေးဖို့ ကိုယ်လုပ်တော်ဖြစ်ချင်ပါတယ်ဆိုပြီး""ကုက မင်းကိုသနားစရာကောင်းတယ်လို့ထင်လို့ သဘောတူပေးခဲ့တာ။
ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းချင်နေတာလား?"ကျန်းယွမ်ရဲ့ တည်ငြိမ်ပြီးကြည်လင်နေတဲ့ မျက်ဝန်းတွေဟာ ချက်ချင်းပဲလှိုင်းထသွားခဲ့တယ်။