(အပိုင်း၁၆)

386 43 4
                                    

[UNI]

ညနေဘက် ကျန်းယွမ်ပြန်ရောက်ချိန်၌ ဆွေ့ဟန်သည် မီးပုံလေး ရှေ့တွင်တင်ပျဉ်ခွေထိုင်နေကာ တောကောင်တစ်ကောင်ကိုကင်နေတာကိုတွေ့လိုက်ရသည်။

ထို့အပြင်သစ်သားခုံပေါ်တွင် တွဲလောင်းကျနေသော ကျောက်အိုးတစ်လုံးရှိနေသေးသည်ကိုတွေ့လိုက်ရသည်။

"အဲ့တာ မင်းအတွက်"

ဆွေ့ဟန်က မျက်ခုံးများကိုပင့်ပြလာပြီး တပွက်ပွက်ဆူနေသည့် အမဲရောင်ကြက်သားယာဂုအိုးကို မွှေပြလိုက်သည်။

ချောက်ကမ်းပါးအောက်ခြေ၌ နူးညံ့အိစက်သော ကောက်ညှင်းဆန်မရှိချေ။မာကျောသော အနက်ရောင် ဂျုံစေ့ဆန်ကြမ်းများသာ ရှိလေသည်။ ဆွေ့ဟန်က သူ့ချစ်သူငယ်လေးသည် နူးညံ့သည်မို့ ဤကဲ့သို့မာကျောသောအစေ့အဆန်များအား အစာမချေနိုင်မည်ကို စိုးရိမ်တာကြောင့် အနက်ရောင်ဂျုံစေ့များကို တမင်အခွံခွာ၍ အမှုန့်များဖြစ်အောင် ထောင်းပြီး ကြက်သားတုံးလေးတွေနုတ်နုတ်စင်းကာ ရောပြုတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့်ပဲ ယာဂု၏အရောင်မှာ မည်းနေရခြင်းဖြစ်သည်။

ထို့အပြင် ဆွေ့ဟန်က သူ့ချစ်သူငယ်လေး ယာဂုသောက်ဖို့ရာ သူ၏ဓားမြှောင်ဖြင့် ရိုးရှင်းသော သစ်သားဇွန်းကိုလည်း ပြုလုပ်ထားသေးသည်။

ဆွေ့ဟန်က သူ့ရဲ့ ဒီနူးညံ့သိမ်မွေ့တဲ့ ချစ်သူလေးကို ကောင်းကောင်း ဂရုစိုက်ဖို့ရာ သေချာလေးကြိုးစားနေလေသည်။

ကျန်းယွမ်သည် သူ၏ စုတ်တံနှင့် စာရွက်ကို ချလိုက်ပြီး အိတ်ကပ်ထဲမှ အသစ်ထပ်ကောက်ယူလာသော သစ်ဥသစ်ဖု နှစ်ခုကို ထုတ်ယူကာ အရင်ဆုံးဆေးကြောသန့်စင်ရန်အတွက် ရေကန်အနားသို့သွားလိုက်သည်။

ထို့နောက် ကျောက်တုံးကို အသုံးပြုကာ အမြစ်များ၊ ပင်စည်များနှင့် အရွက်များကို ထုထောင်းခြေမွလိုက်လေသည်။ ပြီးသောအခါ အားလုံးကို အတူတကွစုလိုက်ကာ ချိုင့်နေသောကျောက်အိုးထဲသို့ထည့်လိုက်လေသည်။

ဆေးဖော်စပ်ရာတွင် အမြစ်များပါသော ဆေးဖက်ဝင်အပင်များသည် ညံ့ဖျင်းသောဂုဏ်ကိုဖြစ်စေတာကြောင့် အမြစ်များကို ဖယ်ရှားရသည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now