🎐 <UNI>
ပါလာသော ဆွေ့ အင်ပါယာ၏စစ်တပ်သည် ခြံဝင်းတစ်ခုလုံးနှင့် ဧည့်သည်အားလုံးကို လျှပ်စီးလက်သောအရှိန်ဖြင့် ထိန်းချုပ်ထားပြီးဖြစ်သည်။
သူတို့အားလုံးသည် နိုင်ငံအသီးသီးမှ အရာရှိများ၊ မှူးမတ်များ၊ ကျော်ကြားသော ပညာတော်သင်များ ဖြစ်ကြပြီး ၊ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် တုံ့ပြန်လာခဲ့တယ်။
"လူဆိုး ! လူဆိုးဓားပြ ! မင်းဘာကို လိုချင်တာလဲ"သူ အမှန်တကယ်ပင် ဤသို့အစောင့်အကြပ် ထူထပ်သော ချန် မြို့တော်ထဲသို့ သူတို့တွေဘယ်လိုတောင် ယုံကြည်မှုအပြည့်နှင့် တိတ်တဆိတ် ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့တာလဲဆိုတာကို သိချင်မိသည်။
သို့သော်၊ သူလူရွေးမှားသွားခဲ့သည်။
ဆွေ့ဟန်က အံကြိတ်ရင်းပြုံးကာ ၊ သူ့ရဲ့ချောမောပြီး လင်းလက်းသော မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းလဲသော ပုံစံကိုဖော်ထုတ်ပြလာခဲ့တယ်။
" မင်းတို့အားလုံးနဲ့ ပူးပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အတူပြီးမြောက်အောင် လုပ်ဖို့ပေါ့"
"ထွီ!လုံးဝ အဓိပ္ပါယ်မရှိဘူး!"
ပညာရှင်တစ်ယောက်က တံတွေးထွေးကာ ပြင်းပြင်းထန်ထန် ကျိန်ဆဲလာခဲ့တယ်။
"ငါတို့ ကျန်းနန်ရဲ့ ခြောက်နိုင်ငံ က မင်းနဲ့ မပတ်သက်ချင်ဘူးကွ! မင်းက ဓားပြ လူဆိုး လူယုတ်မာ!" ဟူ၍ကျိန်ဆဲလို့ မဆုံးခင်မှာပဲ အဲဒီလူရဲ့ ဦးခေါင်းကဓားနဲ့ လှီးဖြတ်ခံလိုက်ရတော့တယ်။ခေါင်းကို ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။
သွေးတွေက နေရာအနှံ့ ရွှဲနစ်အိုင်လို့နေတယ် ။
သေသွားသောအခါ သူ့ခေါင်းပေါ်မှ မျက်လုံးများပင် ပြူးကျယ်လို့နေခဲ့သည်။
တစ်စုံတစ်ယောက်မှာ ကြောက်လန့်တကြားထအော်ရင်း အသံပြန်တိတ်သွားခဲ့သည်။
အနောက်မှ ရပ်ကြည့်နေသည့်သူများပင်လျှင် ၊ သွေးပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ဆံပင်များပင် ထောင်လာရသည်!