(အပိုင်း၂)

624 62 2
                                    

🎐 < UNI >

ကျန်းယွမ်က လက်ထဲက စာလိပ်ကိုအောက်ချလို့ လိုက်ကာစကနေတဆင့် တိုတိုတုတ်တုတ်သာ ဖြေလိုက်သည်။
" မင်းသားလျိုရဲ့ တေးသွားက ကိုယ်တော့်ရဲ့စိတ်ကို ကြည်လင်စေတယ်။ မသေမျိုးတေးသွားကို နားစင်နေရသလိုပါပဲ။ နံပါတ်တစ်ဖြစ်ထိုက်ပါပေတယ်"

ကျန်းယွမ် သည် ဂီတသီအိုရီပိုင်းတွင်လဲ ကျွမ်းကျင်ပေသည်။ လျိုဖန်ကျွန်း အခုလေးတင် တီးခတ်နေချိန်မှာ သူက "ဝုတောင်း ရဲ့ မိတ်ဆက်ခြင်း " ရဲ့တီးခတ်မှု တစ်ခုလုံးကို သဘာဝကျကျ နားထောင်ခဲ့ပြီး၊ ပရော်ဖက်ရှင်နယ် ရှုထောင့်ကနေကြည့်လျှင် လျိုဖန်ကျွန်း ရဲ့ တီးခတ်မှုက အမှန်ပင်အပြစ်ကင်းစင်ပြီး အခြား ဂီတပညာရှင်တော်တော်များများထက်တောင် ပိုကောင်းပါသည်။

ဤကဲ့သို့ အင်ပါယာအရှင်ရဲ့ အကဲဖြတ်ခြင်းကို လက်ခံရတာဟာ ဂုဏ်ယူစရာဖြစ်သည်။

လူအုပ်ကလဲ ချက်ချင်းကို လျိုဖန်ကျွန်းကို ထပ်မံချီးမြှောက် ဩဘာပေးလိုက်ကြပြီး ၊ တချို့က ဤလှပသည့်ဖြစ်ရပ်ကို မှတ်တမ်းတင်စေချင်မိကြသည်အထိပင်။

သို့သော် ၊ မထင်မှတ်ထားစွာ လျိုဖန်ကျွန်းကတော့ အမူအယာမဲ့ လို့နေကာ ၊ အပြင်ကနေ ရွှေ့နန်းဆောင်ရဲ့ လိုက်ကာစများကို မပြတ်စိုက်ကြည့်နေရင်း : " အရှင်လဲ တေးဂီတမှာ ထူးချွန်ကြောင်း ကြားသိရပါတယ်။ အသက် ဆယ့်တစ်နှစ်အရွယ်မှာတောင် 'ဖန်ချိုးဟွမ်' ဆိုတဲ့သီချင်းကိုတီးခတ်နိုင်ခဲ့တာပဲ ၊ ဒီနေ့က ကြီးကျယ်ခမ်းနားတဲ့ လျိုရှန်းပွဲတော်လေ ၊ အရှင် ကျွန်တော်ဖန်ကျွန်းနဲ့ ယှဉ်ပြိုင်ဖို့ဆန္ဒရှိပါသလား ?"

ထိုစကားအဆုံး အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြတယ်။

ကျန်းယွမ်ဟာ အင်ပါယာအရှင်ဖြစ်ကာ လျိုဖန်ကျွန်းမှာ လက်အောက်ခံတိုင်းပြည်ငယ်မှ မင်းသားငယ်တပါးသာဖြစ်ပြီး ၊ သူ့ရဲ့ ကျန်းယွမ်ကို ဆက်တိုက် ရန်စနေမှုက အထက်လူကြီးကို စိန်ခေါ်ရာရောက်သည်ပင်။

ထို့အပြင် ၊ ကျန်းယွမ်ဟာအရင်နှစ်တွေကတည်းက လျိုရှန်းပွဲအခမ်းအနားမှာ မြင်ရခဲသည်။ သူ့ရဲ့ အားနည်းတဲ့ အသွင်အပြင် နဲ့ တိတ်ဆိတ်မှု ၊ [ တမူ ထူးခြားသော အရည်အချင်းမရှိ] တာကြောင့် ရြျွနေန်းဆောင်မှာပဲ လိုက်ကာလွှားလို့ ဘာယှဉ်ပြိုင်မှုတွင်မှမပါဝင်ခဲ့ပဲ တိတ်တဆိတ်နေလေ့ရှိပြီး ၊ လူလုံးထွက်ပြခဲသည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now