(အပိုင်း၁၅)

394 51 4
                                    

[UNI]

နှင်းဖြူဖွေးဖွေးကဲ့သို့ ချွန်ထက်သော သွားများက သူ့လက်ချောင်းကို ချက်ချင်းပဲကိုက်ခဲလာခဲ့သည်။

ရုတ်တရက်ဆိုတော့ ဆွေ့ဟန်လည်းလန့်သွားမိသည်။

ကျန်းယွမ်က တော်တော် အားကောင်းစွာကိုက်ခဲထားလေသည်။ဆွေ့ဟန်ရဲ့လက်ချောင်းဟာလည်း ကိုက်ခဲခံရမှုကြောင့်သွေးများစီးကျနေပြီး နောက်ဆုံးတွင် ထူးဆန်းသောသွေးနံ့နှင့်‌ သွေးအရသာသည် ကျန်းယွမ်၏စိတ်ကို နှိုးဆွပေးသလိုဖြစ်သွားသည်။

ဆွေ့ဟန်သည်  သူ့ရဲ့အသစ်စက်စက်ချစ်သူလေးက မျက်စိရှေ့မှာပင် သူ့လက်ချောင်းကို အရိုးများပေါက်ထွက်အောင် ကိုက်တော့မည်ဟု ခံစားမိချိန်မှာဘဲ ၊ကျန်းယွမ်သည် ကိုက်ခဲထားသည့်သွားများကို ဖြေလျှော့လာတော့သည်။

ထို့‌နောက်ကျန်းယွမ်သည် လေးလံပြီး စေးကပ်နေသော မျက်ခွံများကို ဖြည်းညှင်းစွာဖွင့်ကာ ဆွေ့ဟန်ကို ရှုပ်ထွေးဟန်ဖြင့် ကြည့်လာခဲ့သည်။

ဆွေ့ဟန်က အာလူးလိုမျိုး ကိုက်ခဲခံရလုနီးပါးဖြစ်ခဲ့သော အခုမှရှင်သန်ခွင့်ရသွားသည့် လက်‌ချောင်းကိုလျင်မြန်စွာရုတ်လိုက်ပြီး မေးလိုက်သည် ။
"အဆင်ပြေရဲ့လား?"

ကျန်းယွမ်က ခေါင်းကို ငုံ့လိုက်ပြီး ဆွေ့ဟန်ရဲ့လက်ချောင်းပေါ်က ဒဏ်ရာကို ကြည့်လိုက်ကာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

ထို့နောက် "တောင်းပန်ပါတယ်" ဟု တိုးတိုးလေးပြောလာခဲ့သည်။

"အမ်း...အဆင်ပြေပါတယ်... ကု က အရေထူတယ်လေ။ ဒါကြောင့်ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်းကရော? မင်းဘာဖြစ်တာလဲ... အိပ်မက်ဆိုးမက်လို့လား?"

ကျန်းယွမ်ကပြန်မဖြေလာခဲ့ပေ...

သူက “တောင်ပေါ်မှာ ပြင်ပဒဏ်ရာအတွက် ဆေးတွေရှိတယ်.. ငါ မနက်ဖြန် သွားကောက်လိုက်မယ်” လို့သာ ပြောလာခဲ့သည်။

ဆွေ့ဟန် တစ်ခုခုပြောလိုက်ချင်သော်လည်း ကျန်းယွမ်သည်  ထထိုင်ရန်အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now