(အပိုင်း၇)

394 53 1
                                    

🎐 <UNI>

"ကဲ အခုဘယ်သူက ကုရဲ့မေးခွန်းကိုအရင်ဖြေပေးမှာလဲ?"

တိတ်ဆိတ်ကြသွားကာ ၊ ဘယ်သူမှ ပါးစပ်ဟမလာခဲ့ပေ။

ဆွေ့ဟန်ကလဲ အလျင်လိုမနေပေ။ သူ့လက်တစ်ဖက်ကို ခါပြလိုက်ရုံနဲ့ ဆွေ့တပ်သားတွေက လူအုပ်ထဲက နှစ်ယောက်ကို ဆွဲထုတ်လာခဲ့တယ်။ စစချင်းမှာတော့ ထို့နှစ်ယောက်က ဆဲရေးကာ အော်ဟစ်နေခဲ့သော်လဲ ၊ ထင်ထားခဲ့သလိုပင် ခဏအကြာမှာ အသံပင်မထွက်ရဲကြတော့ချေ။

လူအုပ်မှာတော့ ဖြူဖျော့သွားကြကာ ၊ ချွေးအေးများပင်ထွက်လာခဲ့ကြသည်။

ခဏအကြာမှာတော့ ၊ လူဆယ်ယောက်နီးပါး တစ်ယောက်ပြီးတစ်ယောက်ဆွဲထုတ်ခံရပြီးဖြစ်သည်။ တင်းကြပ်နေတဲ့လေထုအတွင်းမှာပဲ ၊ ဆွေ့ဟန်က သွားကြားထဲကလေသံနဲ့မေးလာတယ်။

"ကောင်းပြီး ၊ ကု မင်းတို့ကိုနောက်ထပ်နာရီဝက်အချိန်ပေးမယ်
အရင်ဆုံး ကုလက်အောက်ခံအဖြစ်ဝင်တဲ့သူကို ဗိုလ်မှူးရာထူးပေးမယ် ၊ ကု ကျန်းနန်ကို အနိုင်ရတဲ့တနေ့မှာလဲ လစာကောင်းကောင်းပေးအုံးမှာ
အဲ့လိုမှမဟုတ်ရင်တော့ ၊ ကံမကောင်းစွာပဲ မင်းတို့တွေအာလုံးအတူတူသေရလိမ့်မယ်

ဒါပေမယ့် ဒါကလဲ အချိန်အကန့်အသတ်ရှိတာမို့
စိတ်ဝင်စားရင် အချိန်ဆွဲမနေသင့်ဘူး"

ဒီလူက တကယ့်ကို 'နှလုံးခုန်ရင်တုန်စေတဲ့ ဗျူဟာ' ကိုအသုံးချနေတာပဲ။

ဒီတော့ အဲ့ဒီနာရီဝက်က သူတို့အတွက်နှိပ်စက်ခံနေရသလိုပါပဲ။ တစ်ယောက်ပြီးတစ်ယောက် မထိန်းထားနိုင်တော့ပဲ ဆွေ့ဟန်နဲ့တွေ့ဖို့ တံခါးခေါက်လာကြတော့တယ်။

ကျန်းအင်ပါယာရဲ့ အချက်အလက်ကိုသိတဲ့သူတွေက ကျန်းအင်ပါယာရဲ့အချက်အလက်တွေကိုအသုံးချပြီး ၊ မသိတဲ့သူတွေကတော့ သူတို့အချက်အလက်ကိုသာ စတေးခံလိုက်ကြရတယ်။

သူ့လက်ထဲမှ ထူထဲသော ဝန်ခံစာရွက်များကိုကြည့်ကာ ဆွေ့ဟန်တစ်‌ယောက် သိပ်မကျေနပ်နိုင်သေးပေ။

မင်းသား‌လေးပါးထဲမှာတော့ ဝေ့ယွမ်က ပထမဆုံးစလှုပ်ရှားခဲ့သူဖြစ်သည်။ မက်မွန်ပန်းပွင့်တွေကဲ့သို့ တောက်ပနေသော သူ့ရဲ့မက်မွန့်ပွင့်သဏ္ဍာန် မျက်လုံးတွေနဲ့ သူကတိုက်ရိုက်ပဲပြောလာခဲ့တယ်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now