(အပိုင်း၁၈)

367 46 2
                                    

[UNI]

ချန်တိုင်းပြည်၌ တော်ဝင်စစ်ရထားရှိလေသည်။ထို တော်ဝင်စစ်ရထားသည် တခြားတိုင်းပြည်မှ အလှလေးများကို ရှာဖွေရန် ချမ်တိုင်းပြည်၏ ကော်ကျိုး မှ သီးသန့်အသုံးပြုသော ရထားဖြစ်သည်။

ချန်တိုင်းပြည်နှင့်ကပ်လျက်ရှိ ဝေ့နိုင်ငံတော်တွင် အလှလေးများစွာရှိသောကြောင့် ကျန်းယွမ်၏ အဖြေမှာလဲအပြစ်ပြောစရာမရှိနေပေ။ ချူမျိုးရိုးသည် နိုင်ငံ၌ အသုံးများထင်ရှားသော မျိုးရိုးအမည် ဖြစ်သည်။

"ချူယန်?"

ဆွေ့ဟန်က နာမည်ကို အကြိမ်ပေါင်းများစွာ ရေရွတ်လိုက်ပြီး- "သနားစရာနဲ့ နူးညံ့သိမ်
မွေ့မှု...အင်း အဲဒါက မင်းနဲ့ တကယ်ကို လိုက်ဖက်ပေသားပဲ" လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

"ဒါဆို ကု မင်းကို အခုကတည်းက
အားယန် လို့ခေါ်မယ် ဟုတ်ပြီလား?"

ကျန်းယွမ်သည် အနည်းငယ်ရှုပ်ထွေးသောအမူအရာဖြင့် သူ့ကိုကြည့်လိုက်ကာ နှုတ်ခမ်းများလှုပ်ခတ်သွားသော်လည်း ဘာမှပြန်မပြောတော့ဘဲ-"...... မင်းဆန္ဒအတိုင်းပဲ" ဟုသာပြောလိုက်သည်။

"မင်းမိဘတွေနဲ့မိသားစုတွေကော?"

"ချောက်ထဲကျတုန်းက ခေါင်းနဲနဲထိသွားတဲ့ပုံပဲ.....ဘာမှ မမှတ်မိတော့ဘူး"

"........"

အဖြေက တကယ်ကို ဝတ်ကျေတန်းကျေဆန်လှသည်။

ဒါပေမယ့်လည်း အံ့သြစရာတော့ မဟုတ်ပေဘူး။

ဒီခေတ်ကြီးမှာ ဘယ်လိုမိဘကောင်းတွေက သားသမီးတွေကို ရောင်းစားပြီး အသွေးအသားတွေကိုညစ်ညမ်းပျက်စီးနေတဲ့ ချန်ဘုရင်လိုသူစီကို ဒီတိုင်းပေးနိုင်မှာလဲ.....

ဆွေ့ဟန်က မျက်ခုံးပင့်လိုက်ပြီး- "ဒါဆို ကု မင်းကို အနီးကပ် စောင့်ကြည့်ရတော့မယ့်ပုံပဲ...အဲ့တာမှတစ်နေ့ကျ မင်းခေါင်းထပ်ထိပြီး ကု ကိုမမှတ်မိတော့ဘူးဆိုတာမျိုးမဖြစ်အောင်လို့"

"........"

မျက်စိတစ်မှိတ်အတွင်းမှာ သဘက်ခါရောက်လာပြီး ချောက်ကမ်းပါးအောက်ခြေ၌ ရှားရှားပါးပါး ပြင်းထန်တဲ့ အရှေ့လေပြင်းတစ်ခု အမှန်တကယ် ရောက်ရှိလာခဲ့သည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now