(အပိုင်း၁၃)

428 48 2
                                    

[UNI]

အခုဘယ်အချိန်တောင်ရှိနေပြီလဲ အခုထိသူက ဇီဇာကြောင်နေသေးတုန်းပဲလား?

ဆွေ့ဟန်က နည်းနည်းတော့ ရယ်ချင်ပတ်ကျိဖြစ်သွားပြီး "ဒီချောက်ရဲ့အောက်ခြေမှာ ကုတို့ကလွဲလို့ဘယ်သူမှမရှိဘူး၊ အတွင်းဖြစ်ဖြစ် အပြင်ဖြစ်ဖြစ် ဘာကွာမှာမို့လို့လဲ......"

ကျန်းယွမ်၏လက်သည် ချက်ချင်းပင် သူ့ရင်ဘတ်ကြီးကို အပြင်းအထန် တွန်းထုတ်လိုက်သည်။

ကျန်းယွမ်၏ ကြောင်လေးတစ်ကောင်လို နက်မှောင်သော မျက်လုံးများထဲ၌ မီးတောက်နှစ်ခုလောင်ကျွမ်းနေဟန်ဖြင့် ဆွေ့ဟန်ကို အေးစက်စွာ စိုက်ကြည့်လာသည်။

"ကောင်းပြီ ကောင်းပြီ ကုမင်းပြောတဲ့အတိုင်းလုပ်မယ်"

ဆွေ့ဟန်က သူ့ကို ခါးကနေ ညင်သာစွာ ကောက်ပွေ့လိုက်ပြီး ဂူရဲ့ အတွင်းဘက်စွန်းမှာရှိတဲ့ ရေကန်နားဆီကို လျှောက်သွားလိုက်ကာ "ဒီနေရာဆို အဆင်ပြေပြီလား" ဟုမေးလိုက်သည်။

ကျန်းယွမ်သည် ရေကန်ရှိရေများ အနည်းငယ် စိုစွတ်နေဟန်ရှိသော မြေပြင်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ မကျေမနပ် ခေါင်းညိတ်လိုက်သည်။

ဆွေ့ဟန်က လူကို ညင်သာစွာချပေးလိုက်ပြီး အလျင်စလိုစမလှုပ်ရှားသေးဘဲ "ခဏစောင့်ဦး" ဟုပြောလိုက်သည်။

သူ့ရဲ့ ခြေတံရှည်ကြီးများဖြင့် မီးဖိုထားရာနေရာသို့ လွှားခနဲပြန်လျှောက်သွားကာ မြက်ခြောက်များကို အမြန်ကောက်ယူလာပြီး ကျန်းယွမ်ကိုမြေပြင်ပေါ်သို့လှဲမချမီ မြေပြင်ပေါ်တွင် အရင်ဖြန့်ခင်းလိုက်သည်။

"ဒီလိုလုပ်လိုက်မယ်" ဆွေ့ဟန်ကတိုးတိုးလေးပြောလာသည်။

ဒီလိုဆိုရင် စိုစိုစွတ်စွတ်ဖြစ်နေသောမြေပြင်ကိုထိရန်မလိုအပ်သလို အမှန်ပင်ပိုမိုသက်တောင့်သက်သာရှိလှသည်။

ကျန်းယွမ်သည် ဆွေ့ဟန်၏တောက်လောင်နေသော အကြည့်စူးစူးများကို ရှောင်ရှားလိုက်ပြီး ရှက်နေသည်ကြောင့် စကားမပြောဘဲ ခေါင်းသာညိတ်လိုက်သည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now