🎐 <UNI>
ချန်ချီကလဲ ရှေ့သို့လှမ်းတက်ကာ အခြားငါးနိုင်ငံအား ဆွေ့ထံ သစ္စာခံစေပြီး ၊ကျန်းအင်ပါယာ အား အထီးကျန်ဆန်စေကာ အကူအညီမဲ့သည့်အခြေအနေမှာပဲ ထားပစ်ရင်း အပြီးအပိုင်ထွက်ခွာချင်ပါကြောင်း သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြလာခဲ့သည်။
ဆွေ့ဟန် က သူ့ကို စစ်အကြံပေးရာထူးကိုချက်ချင်း ပေးအပ်လိုက်တယ်။
ဒါဟာ တပ်မှူးရာထူးကလွဲလို့ နိုင်ငံ့စစ်တပ်မှာဆို အမြင့်ဆုံးရာထူးဖြစ်နေပြီဖြစ်သည်။
ချန်ချီ မှပေးအပ်လာသော အဓိကအချက်အလက်များကြောင့် ဖေ့ယင်နန်းဆောင် ၏ အရေးကြီးသော အမာခံစခန်းအများအပြားသည် တစ်ခုပြီးတစ်ခု ပြင်းထန်စွာ ပျက်စီးသွားခဲ့ရပြီး မုယွန်တပ်ချုပ် နှင့် ကျန်းတိုင်းပြည် ၏ ရှေ့တန်းစစ်မျက်နှာများမှာလဲ သတင်းပေးပို့မှုများ ဖြတ်တောက်ခံခဲ့ရသည်။ ဆွေ့ဟန်က ကျန်းတိုင်းပြည် ရဲ့စစ်တပ်မတုံ့ပြန်နိုင်ခင် အခွင့်ကောင်းယူ၍ ဆွေ့တပ်ဖွဲ့ဝင် တစ်သိန်းခန့်ကို ကိုမြစ်ဝါမြစ်ရဲ့မြောက်ပိုင်းတွင်စောင့်ကြပ်ရန် ဆွေ့ရဲ့စစ်သူကြီးကိုချက်ချင်းဆင့်ခေါ်လိုက်ပြီး မုယွန်တပ်ချုပ်ကိုပါ တိုက်ရိုက်သိမ်းပိုက်ဖို့ တွေးထားသည်။
မုယွန်တပ်ချုပ်သည် ကျန်းအင်ပါယာ၏ မြောက်ပိုင်းနယ်စပ်သို့ဝင်ပေါက်နှင့် ညီမျှလေသည်။ မုယွန်တပ်ချုပ်ကိုသာသိမ်းယူနိုင်သရွေ့ ကျန်းတိုင်းပြည်ရဲ့ မြို့တော်ဟာလဲ အနီးဆုံးမှာရှိနေပါတယ်။
လက်ရှိသူ့ဘေးမှာရှိနေတဲ့ ဆွေ့ဟန် ရဲ့ အယုံကြည်ရဆုံး အကြံပေးမှာ ရှုချောင် ဟုခေါ်သည်။
ရှုချောင်က ပြောလာတယ်။
"ဒီချန်ချီရဲ့ပါးစပ်ကထွက်လာတဲ့ ကျန်းရုံယုက ကောလဟာလတွေနဲ့တခြားစီပါပဲလား? ကျန်းယွမ်က တကယ်အတုယောင်ဂုဏ်သတင်းနဲ့ ကျော်ကြားနေတာ အမှန်ပဲလား?""ဒါပေမယ့် ဒီလူက ကျန်းနန်မှာရှိတဲ့ နိုင်ငံခြောက်ခုကို တင်းတင်းကျပ်ကျပ် ပေါင်းစည်းနိုင်ဖို့ ရွှေသစ်ခွမဟာမိတ်နည်းစနစ်ကို အသုံးပြုပြီး တောင်ဖက်လေ့လာရေးအတွက် အရှင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်ကိုလဲထပ်ခါတလဲလဲ ဖျက်စီးပစ်နိုင်ခဲ့တဲ့သူလေ ! ဒါကြောင့် သူက မိုက်မဲတဲ့လူအတစ်ယောက်သာသာတော့ မဟုတ်နိုင်ပါဘူး"