(အပိုင်း၁၇)

330 40 0
                                    

[UNI]

သူသည် သူ၏အပိုင်လူသားလေးအား အနှိုင်းမဲ့ဖြူစင်သန့်ရှင်းစေမှုနှင့် အခြားချစ်မှုရေးရာ ရာဇဝင်များမရှိရန် တောင်းဆိုတတ်သည့် စာအုပ်ကြီးကဲ့သို့ ရှေးရိုးစွဲဇီဇာကြောင် လူအိုကြီးတစ်ယောက်မဟုတ်ပေ။ ဒါပေမယ့် သူ့မှာလဲ သူ့မာနနဲ့ သူရှိသည်။

ကျန်းယွမ်မှာ အရင်ကအချစ်ဟောင်းရှိခဲ့ရုံတင်ဆိုပါက အဆင်ပြေပေမယ့် *ကြာရိုးက ပြတ်သွားပေမယ့် အမျှင်တွေ အဆစ်တွေ ရှိနေသေးရင်* ¹ *တစ်ချိန်ထဲမှာပဲလှေနှံနှစ်ဖက်ခွနေရင် * သူ့ကိုတစ်ဖက်ကလှည့်စားထားပြီး သူ့နောက်မှာ တခြားတစ်ယောက်ယောက်နဲ့ချစ်ရေးရာဆက်နေတာမျိုးကိုတော့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ချေ....

သစ္စာစောင့်သိမှုသည် သူလိုအပ်သော အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအရာဖြစ်သည်။

သေချာတာပေါ့..သူက သူတော်စင်မဟုတ်သလို သူ့မှာလည်း ဖုံကွယ်ထားတဲ့ပိုင်ဆိုင်လိုစိတ်အပြည့်အဝရှိသည်။

အကယ်၍များ သူ့ချစ်သူလေးမှာ သူတွေးထားသလိုမျိုးရှိခဲ့ရင်....

ထိုလူကို သေချာပေါက်မဆိုင်းမတွသတ်ပစ်လိုက်မည်!!

ဆွေ့ဟန် သူ့ဘာသာသူတွေးလိုက်သည်။

ဒါကြောင့် ခြုံငုံကြည့်ရရင် ဒီကိစ္စက ကြီးကြီးမားမားတော့ မဟုတ်နေပေ။

"ဘာမှမဟုတ်ပါဘူး အရင်ဆုံး
ကု မင်းအတွက် ချက်ပေးမယ်"

ဆွေ့ဟန်က သေချာတွေးပြီးတဲ့နောက်မှာတော့ စိတ်သက်သာရာရသွားခဲ့သည်။

ကျန်းယွမ်သည်အတွေးများစွာဖြင့်သာ သူ့နောက်ကျောကို ကြည့်လိုက်မိတော့သည်။

စားသောက်ပြီးသည်နှင့် ခါတိုင်းလိုပဲ နှစ်ယောက်သား သီးခြားစီ ဆက်လက်လှုပ်ရှားကြတော့သည်။

ကျန်းယွမ်ကဒီနေ့တော့ စောစော ပြန်ရောက်လာခဲ့ပြီး ဂူပေါက်ဝကို ရောက်ခါနီးမှာပဲ သူ့ဘေးနားက ဆူးပင်ချုံပုတ်တွေကြားမှာ အဝါရောင် အစတစ်ခုရှိနေတာကိုမြင်လိုက်ရသည်။ ကောက်ကိုင်လိုက်တဲ့အခါ မှာတော့ အဝါရောင်စာငှက်တစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရသည်။

ရန်သူအိမ်ရှေ့မင်းသား《မြန်မာဘာသာပြန်》Where stories live. Discover now