[UNI]
« ချန်မြို့တော်မှနေ့စဉ်ဘဝ ၇ »
အကြောင်းအရာက မြန်မြန်ဆန်ဆန်ပြောင်းလဲသွားခဲ့တာကြောင် ချန်ကော်ကျိုးလဲ ခဏလောက် အံ့အားသင့်သွားပြီး- "အဲ ကွားရန် အဲဒါကိုကြားဖူးပါတယ်။ဒီဆေးကိုရှာဖွေဖို့ တစ်ယောက်ယောက်ကိုလဲ စေလွှတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်
ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ၊ လူနည်းစုကသာ ဒီစိတ်ကြွဆေးကိုဖြန့်ကြပြီး ကွားရန်လဲရှာမတွေ့ခဲ့ပါဘူး။ဒါနဲ့ သခင်ငယ်လေးမေးရတဲ့အကြောင်းရင်းက…”"လမ်းသွားရင်း လူတွေပြောနေကြတာ ကြားလိုက်ရလို့ပါ
စပ်စုပြီး ဒီတိုင်းမေးကြည့်လိုက်တာ""အိုး"
ချန်ပြည်၏ကော်ကျိုးသည် ၎င်းသည် ပြောင်မြောက်သော ဆင်ခြေတစ်ခုသာဖြစ်ကြောင်း သဘာဝကျကျ နားလည်ခဲ့သည်။
သို့သော် သူသည် အသိဉာဏ်ရှိပြီး ၊ ယခု သူ့ရှေ့က ကောင်လေးသည် "ရက်စက်ကြမ်းကြုတ်သောဆွေ့ဟန်" နှင့် အလိုအလျောက် ဆက်စပ်နေသောကြောင့် သူ့အနေနဲ့ဘာမှ မပြောသင့်ပေ။ ဒီလို ပြင်းထန်တဲ့ဆေးအကြောင်း အားနည်းကာနူးညံ့ပုံရတဲ့လူငယ်လေးက မေးလာတော့ နည်းနည်းအံ့သြသွားခဲ့ရုံသာဖြစ်သည်။
"သခင်လေးက ဒီပစ္စည်းကို တကယ်စိတ်ဝင်စားတယ်ဆိုရင်၊ သေချာပေါက်ရှာလို့ရတဲ့ နေရာတစ်ခုတော့ရှိပါတယ်"
ကျန်းယွမ်က သူ့ကိုကြည့်လိုက်တယ်။
ချန်ပြည်၏ကော်ကျိုးသည် အရှေ့မြောက်ဘက်ကို ညွှန်ပြလာပြီး- "ချီမြို့တော် ချင်းခွေ့ကွင်းပြင်၊ ကြားဖူးလောက်မှာပါ"
ချီပြည်ရဲ့ ချင်းခွေ့ကွင်းပြင်မှာ ချီဘုရင်လီယဲ့က တည်ဆောက်ထားပြီး ကျန်းယွမ်တင်သာမက ကမ္ဘာပေါ်ရှိလူတိုင်းနီးပါးသိတဲ့ လူသိများတဲ့နေရာတစ်ခုဖြစ်သည်။
သို့သော် ချီဘုရင်သည် အားကောင်းပြီး ခက်ထန်ရက်စက်သည့် ဘုရင်ဖြစ်ကာ ချင်းခွေ့ကွင်းပြင် ကို အစောင့်တပ်များဖြင့် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားလေသည်။သာမန်လူများမဆိုထားနှင့် နိုင်ငံအသီးသီးရှိ ကိုယ်ခံပညာတွင် ထိပ်တန်းအဆင့်ရှိသည့်ကျော်ကြားသော သူရဲကောင်းအချို့ပင်လျှင် ထိုနေရာကို အလွယ်တကူ မချဉ်းကပ်ရဲကြပေ။