[UNI]
ကျန်းပေ့ရဲ့ ထိပ်တန်းစာပေပညာရှင် ယန်ချီလား?
"ဘာလဲ ကြောက်နေပြီလား?"
ကျန်းယွမ် နှုတ်ဆိတ်နေတာကိုမြင်ပြီး ဖန်ချီကပိုပြီးအတင့်ရဲလာခဲ့တယ်။
သူကနှာမှုတ်လိုက်ကာ- "အသက်သုံးနှစ်အရွယ်မှာ သခင်လေးယန်ချီက ကဗျာတွေတောင်စပ်နိုင်ပြီး ခြောက်နှစ်အရွယ်မှာ ပါရမီရှင်တစ်ယောက်အဖြစ်လူသိများလာခဲ့တယ်။ အသက်ဆယ့်သုံးနှစ်မှာ ကမ္ဘာတစ်ဝှမ်းနာမည်ကြီးလာပြီး အကောင်းဆုံးဆိုတဲ့စာပေတွေကိုထုတ်ဝေခဲ့တာ။ သူက ကျုပ်တို့အရှင်ရဲ့ ငယ်သူငယ်ချင်းလဲဖြစ်ပြီး အရှင်နဲ့အတူတူကြီးပြင်းလာခဲ့တဲ့သူပဲ!
မင်းလို လမ်းဘေးကလူတစ်ယောက်က သခင်ငယ်လေးလိုလူနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ?
အရှင်ကမပြောရင်တောင်ကျုပ်တို့က သိပြီးသား။ အနာဂတ်မှာ မိဖုရားနေရာက သေချာပေါက်ကျုပ်တို့ရဲ့သခင်လေး ယန်ချီအတွက်ပဲဖြစ်လာမှာ။မဟုတ်ရင် ဘာလို့အရှင်က ခုထိမထိမ်းမြားသေးပဲ ဘယ်ကိုယ်လုပ်တော်မှမမြောက်ပဲနေနေမှာလဲ?"ကျန်းယွမ်က မေးလိုက်သည်။
"ဒါဆိုရင် ဘာလို့သူနဲ့မထိမ်းမြားသေးပဲ ခုချိန်ထိစောင့်နေရတာလဲ?""ဒါက..."
ဖန်ချီတစ်ယောက် ကျန်းယွမ်ရဲ့မေးခွန်းကြောင့် ခေတ္တ စွံ့အသွားခဲ့ရတယ်။
"အမ် ဘာပဲဖြစ်ဖြစ်ပါ၊မင်းသိသင့်တာကိုပဲသိထားပြီး မသိသင့်တာကိုမမေးပါနဲ့!""အိုး"
ကျန်းယွမ်ကဆက်ပြောလိုက်သည်။
"ဒါဆိုရင် မင်းကမင်းရဲ့အရှင်ပျော်ရွှင်စေနိုင်ဖို့အတွက် ငါ့ကိုထွက်သွားခွင့်ပေးမှာလား?""အဲ့ဒါကတော့.."
ဖန်ချီက ရုတ်တရက်ပါးစပ်ပိတ်သွားခဲ့သည်။လွှတ်ပေးချင်သလိုလိုတော့ရှိတာပါပဲ။
အခုလောလောဆယ် အရှင်က တက်ကြွတဲ့ကြက်ဖကြီးဖြစ်နေတာ။ တကယ်လို့ သူသာသူ့ရှေ့ကလူကိုလွှတ်လိုက်ရင် သူ့ခေါင်း အစရှာမရဖြစ်သွားနိုင်တယ်။
ရုတ်တရက်ပဲ ၊ သူကသဘောပေါက်သွားပြီး သံသယဖြစ်စွာသတိပေးလိုက်သည်။
"ကျုပ်ကို ထောင်ချောက်ဆင်မယ်မကြံနဲ့နော် ! အရှင်က မင်းကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ အခုမင်းက အရှင့်လူဖြစ်သွားပြီဖြစ်တဲ့အတွက် အရှင့်ကိုစိတ်ရင်းနဲ့အလုပ်ကြွေးပြုပါ!