[UNI]
ကျန်းယွမ် : "စာဖတ်တာက မင်းအတွက် ငြီးငွေ့စရာကောင်းတဲ့ အရာတစ်ခု ဖြစ်မယ်ထင်တယ် ။ ဒီလိုမျိုး မင်းကိုယ်မင်း ညှဉ်းပန်းနှိပ်စက်နေစရာ မလိုပါဘူး"
ဆွေ့ဟန် က ပြုံးပြီးပြောလာတယ်။"ဘယ်သူပြောတာလဲ? ကု ကလေးဘဝတုန်းက စာဖတ်ရတာ ဝါသနာပါခဲ့ပေမယ့်၊နောက်ပိုင်း အရမ်းအလုပ်များပြီး ဓားရေးလေ့ကျင့်ရတာကြောင့် သိပ်မဖတ်ဖြစ်တော့တာ။ မင်း ကုအတွက် ဖတ်ပြပေးမလား?"
"...မင်းနဲ့ငါက အကြိုက်တူမယ်မထင်ဘူး"
"ကိုယ်တို့မကြိုးစားကြည့်ရင် ကွာခြားချက်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ? မင်းလက်ထဲမှာကိုင်ထားတဲ့တစ်ခုက အရမ်းချစ်စရာကောင်းတယ်လို့ ကုထင်တယ်"
နောက်ဆုံးတော့ ကျန်းယွမ် ခေါင်းကိုမော့ပြီး အေးစက်စွာ ကြည့်လိုက်သည်။
သူသည် ဤနေရာတွင် တမင်ထိုင်ဖတ်နေခဲ့ခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ညဘက်စာဖတ်ခြင်းအလေ့အထကြောင့်ဖြစ်ပြီး၊ ဤလူနှင့် မအိပ်ရစေရန်လဲဖြစ်သည်။
ဤနေရာသည် ချောက်ကမ်းပါးအောက်ခြေရှိ လှိုဏ်ဂူတစ်ခုလိုမဟုတ်ဘဲ ဆေးရှိန်ကို သူ့ဘာသာသူ ချေဖျက်နိုင်နေပြီဖြစ်သည်။ လောလောဆယ်မှာတော့ သူတို့နှစ်ဦးကြားက ထူးဆန်းတဲ့ အချစ်ရေးကို အမြန်အဆုံးသတ်ချင်နေတာပင်။
အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဖြစ်သည်...
ဒါပေမယ့် ဒီလူက တမင်ဆွဲလိုက်၊ တွန်းလိုက်၊ တစ်ဆင့်ပြီးတစ်ဆင့်၊ သူ့ရဲ့အစီအစဥ်ကို တမင်နှောင့်ယှက်နေတာ သိသာပါသည်။
ကျန်းယွမ် က သူ့လက်ထဲက စာအုပ်ကို ပိတ်လိုက်ပြီး ဆွေ့ဟန် ရဲ့ ရင်ခွင်ထဲကို ပစ်ချလိုက်ကာ- "မင်းကိုယ်တိုင် ဖတ်ကြည့်လို့ရတယ်၊ငါ နောက်တစ်ခု ပြောင်းဖတ်လိုက်မယ်"
ကျစ်...
ဆွေ့ဟန်က သူ့လက်ထဲက စာအုပ်ကို ကြည့်လိုက်တော့ ကြာပန်းရနံ့လေး သင်းနေသေးသည်။ သူက အဲဒါကို ကောက်ယူပြီး ဘေးချလိုက်ကာ-"ကုအတွက် စာမဖတ်ပေးချင်ဘူးဆိုလဲ မဖတ်နဲ့တော့။
မင်းက ဘာအတွက်နဲ့ ဒီလောက်ရက်စက်နေရတာလဲ"